Home  / News  / News Details

新闻详情

လာမည့် ရှေ့လ(ဒီဇင်ဘာ)တွင်မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ) တံတား နှစ်ဖက်ချဉ်းကပ်လမ်းအားလုံး ပြီးစီးမည်။

Nov 18, 2023  /

လာမည့် ရှေ့လ(ဒီဇင်ဘာ)တွင်မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ) တံတား နှစ်ဖက်ချဉ်းကပ်လမ်းအားလုံး ပြီးစီးမည်။

Myanmar Property Dealer

နိုဝင်ဘာလ (၁၈)ရက်

 မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ) တံတား တစ်စင်းလုံးရဲ့နှစ်ဖက်ချဉ်းကပ်လမ်းများ လာမယ့်ရှေ့လ (ဒီဇင်ဘာ) တွင်အားလုံးပြီးစီးတော့မှာဖြစ်တယ်လို့သိရပါတယ်။

ဒလဘက်ခြမ်း ချဉ်းကပ်တံတားအရှည် ၅၇၇ မီတာ၊ ရန်ကုန်ဘက်ခြမ်း ချဉ်းကပ် တံတားအရှည်မှာ ၆ဝ၁ မီတာ၊ ရေလယ်ပိုင်း ပင်မတံတားအရှည် မီတာ ၆၉ဝ ရှိပြီး စုစုပေါင်း တံတားအရှည်မှာ ၆၁၄၄ ပေရှိတဲ့ရန်ကုန်_ဒလတံတား ပေါ်မှာ တစ်ဖက်လျှင် လူသွားပလက်ဖောင်း ၄ မီတာအကျယ် ရှိတယ်လို့သိရပါတယ်။

အဆိုပါရန်ကုန်- ဒလမြစ်ကူးတံတားက လေးလမ်း သွားတံတား၊ ဘိုးပိုင်အုတ်မြစ်၊ သံကူ ကွန်ကရစ် ကိုယ်ထည်အပေါ်တွင် သံမဏိကြိုးဆိုင်း တံတားဖြစ်ပြီး တံတားရဲ့ ခံနိုင်ဝန်မှာ ၇၅ တန်ဖြစ်ကာ  မြန်မာနိုင်ငံရှိ အရှည်ဆုံးတံတားများထဲတွင်တစ်စင်းအပါအဝင်ဖြစ်တယ်လို့လည်း ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာနမှ သိရပါတယ်။

ရန်ကုန်-ဒလတံတားစီမံကိန်း ကိုဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ တာဝန်ယူကြီးကြပ်ပြီးကိုရီးယားသမ္မတနိုင်ငံ EDCF ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိတဲ့ မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတားစီမံကိန်းကို ၂၀၁၉ ခုနှစ် မေလမှလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ လာမယ့်  ၂၀၂၄ ခုနှစ်တွင် လုပ်ငန်းများအပြီးသတ်နိုင်ဖို့ဆောင်ရွက်လျက် ရှိတယ်လို့လည်းသိရပါတယ်။