လာမည့်
ရှေ့လ(ဒီဇင်ဘာ)တွင်မြန်မာ-ကိုရီးယား
ချစ်ကြည်ရေး(ဒလ) တံတား နှစ်ဖက်ချဉ်းကပ်လမ်းအားလုံး ပြီးစီးမည်။
Myanmar Property Dealer
နိုဝင်ဘာလ
(၁၈)ရက် ။
ဒလဘက်ခြမ်း
ချဉ်းကပ်တံတားအရှည် ၅၇၇ မီတာ၊ ရန်ကုန်ဘက်ခြမ်း ချဉ်းကပ် တံတားအရှည်မှာ ၆ဝ၁ မီတာ၊ ရေလယ်ပိုင်း ပင်မတံတားအရှည် မီတာ ၆၉ဝ ရှိပြီး စုစုပေါင်း တံတားအရှည်မှာ ၆၁၄၄ ပေရှိတဲ့ရန်ကုန်_ဒလတံတား ပေါ်မှာ တစ်ဖက်လျှင်
လူသွားပလက်ဖောင်း ၄ မီတာအကျယ် ရှိတယ်လို့သိရပါတယ်။
အဆိုပါရန်ကုန်-
ဒလမြစ်ကူးတံတားက လေးလမ်း သွားတံတား၊ ဘိုးပိုင်အုတ်မြစ်၊ သံကူ ကွန်ကရစ် ကိုယ်ထည်အပေါ်တွင် သံမဏိကြိုးဆိုင်း တံတားဖြစ်ပြီး တံတားရဲ့ ခံနိုင်ဝန်မှာ ၇၅ တန်ဖြစ်ကာ မြန်မာနိုင်ငံရှိ
အရှည်ဆုံးတံတားများထဲတွင်တစ်စင်းအပါအဝင်ဖြစ်တယ်လို့လည်း ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာနမှ သိရပါတယ်။
ရန်ကုန်-ဒလတံတားစီမံကိန်း
ကိုဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ
တာဝန်ယူကြီးကြပ်ပြီးကိုရီးယားသမ္မတနိုင်ငံ
EDCF ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိတဲ့ မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတားစီမံကိန်းကို ၂၀၁၉ ခုနှစ် မေလမှလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ လာမယ့် ၂၀၂၄
ခုနှစ်တွင် လုပ်ငန်းများအပြီးသတ်နိုင်ဖို့ဆောင်ရွက်လျက်
ရှိတယ်လို့လည်းသိရပါတယ်။