မန္တလေးတိုင်းဒေသကြီးအတွင်း အိမ်ခြံမြေကာလတန်ဖိုးသတ်မှတ်ရန် လျှောက်လွှာများ မတ်လ ၁၅ရက်နေ့နောက်ဆုံးထားတင်သွင်းရမည်
မတ် (၃) ရက်
Myanmar
Property Dealer
မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့
အိမ်ခြံမြေများ၏ ကာလတန်ဖိုးသတ်မှတ်ရန် အိမ်ခြံမြေပိုင်ရှင်တွေအနေနဲ့ မတ်လ (၁၅) ရက်နေ့
နောက်ဆုံးထားပြီး လျှောက်လွှာများပေးပို့ရမှာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က
အသိပေးထုတ်ပြန်ထားပါတယ်။
၎င်းတို့အနေနဲ့
ဘဏ္ဍာနှစ်အလိုက် အိမ်ခြံမြေတန်ဖိုး သတ်မှတ်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး
(၂၀၂၃-၂၀၂၄)ဘဏ္ဍာရေးနှစ်အတွက် တန်ဖိုးသတ်မှတ်ပေးရမှာပဲဖြစ်ပါတယ်။
ယင်းအတွက်
လျှောက်လွှာများကိုယခုလ ၁၅ ရက်နောက်ဆုံးထားပြီးတင်ပြရမှာဖြစ်သလို မတ်လ (၁၆) ရက်နေ့ကနေ
(၂၂) ရက်နေ့အတွင်း ကွင်းဆင်းစစ်ဆေးပြီး တန်ဖိုးသတ်မှတ်မှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့
ကြေညာချက်အရ သိရပါတယ်။
ဒါ့အပြင် မတ်လ (၂၅) ရက်နေ့ကနေ (၂၉) ရက်နေ့အထိ အခွန်ထမ်းများက
ဝင်ငွေခွန်နဲ့တံဆိပ်ခေါင်းခွန်များ ဆောင်ရွက်နိုင်ဖို့ တန်ဖိုးသတ်မှတ်လျှောက်လွှာတွေကို
လက်ခံပေးနေတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။