Home  / News  / News Details

News Details

မန္တလေးတိုင်းဒေသကြီးအတွင်း အိမ်ခြံမြေကာလတန်ဖိုးသတ်မှတ်ရန် လျှောက်လွှာများ မတ်လ ၁၅ရက်နေ့နောက်ဆုံးထားတင်သွင်းရမည်

Mar 2, 2024  /

မန္တလေးတိုင်းဒေသကြီးအတွင်း အိမ်ခြံမြေကာလတန်ဖိုးသတ်မှတ်ရန် လျှောက်လွှာများ မတ်လ ၁၅ရက်နေ့နောက်ဆုံးထားတင်သွင်းရမည်

 မတ် (၃) ရက်

Myanmar Property Dealer

မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အိမ်ခြံမြေများ၏ ကာလတန်ဖိုးသတ်မှတ်ရန် အိမ်ခြံမြေပိုင်ရှင်တွေအနေနဲ့ မတ်လ (၁၅) ရက်နေ့ နောက်ဆုံးထားပြီး လျှောက်လွှာများပေးပို့ရမှာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။

၎င်းတို့အနေနဲ့ ဘဏ္ဍာနှစ်အလိုက် အိမ်ခြံမြေတန်ဖိုး သတ်မှတ်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး (၂၀၂၃-၂၀၂၄)ဘဏ္ဍာရေးနှစ်အတွက် တန်ဖိုးသတ်မှတ်ပေးရမှာပဲဖြစ်ပါတယ်။

ယင်းအတွက် လျှောက်လွှာများကိုယခုလ ၁၅ ရက်နောက်ဆုံးထားပြီးတင်ပြရမှာဖြစ်သလို မတ်လ (၁၆) ရက်နေ့ကနေ (၂၂) ရက်နေ့အတွင်း ကွင်းဆင်းစစ်ဆေးပြီး တန်ဖိုးသတ်မှတ်မှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ကြေညာချက်အရ သိရပါတယ်။

 ဒါ့အပြင် မတ်လ (၂၅) ရက်နေ့ကနေ (၂၉) ရက်နေ့အထိ အခွန်ထမ်းများက ဝင်ငွေခွန်နဲ့တံဆိပ်ခေါင်းခွန်များ ဆောင်ရွက်နိုင်ဖို့ တန်ဖိုးသတ်မှတ်လျှောက်လွှာတွေကို လက်ခံပေးနေတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။