အိမ်ရာတိုက်ခန်းမဲပေါက်ပြီး
လာရောက်ဆက်သွယ်ခြင်း
မရှိသူများကို
အိမ်ရာဝယ်ယူခွင့်
လုံးဝတားမြစ်မည်
စက်တင်ဘာ(၂၄)ရက်။
Myanmar Property Dealer
တန်ဖိုးနည်း
၊ တန်ဖိုးသင့် အိမ်ရာ တိုက်ခန်းမဲပေါက်သူများကို ဒုတိယအကြိမ်အကြောင်းကြားခဲ့သော်လည်း
လာရောက်ဆက်သွယ်ခြင်းမရှိတဲ့သူများကို
အိမ်ရာဝယ်ယူခွင့် လုံးဝတားမြစ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့
ပြည်သူ့အိမ်ရာရောင်းချရေးကော်မတီ သတင်းများအရ သိရပါတယ်။
တန်ဖိုးနည်း
၊ တန်ဖိုးသင့်အိမ်ရာစီမံကိန်းများတွင်
မဲပေါက်ပြီးတိုက်ခန်းဝယ်ယူခွင့်ရရှိခဲ့သူများအနက်မှ
လာရောက်ဆက်သွယ်ခြင်းမရှိသူ
တစ်ရာ့လေးဆယ်ခန့်ရှိပြီး
လာရောက်ဆက်သွယ်မှုမရှိသောကြောင့်
စီမံခန့်ခွဲမှုကိစ္စများမှာနှောင့်နှေးကြန့်ကြာမှုများရှိနေတဲ့အတွက်ကြောင့်
အခုလို စည်းကမ်းချက်များ ထုတ်ပြန်လိုက်ခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။
အဆိုပါ
တန်ဖိုးနည်း ၊ တန်ဖိုးသင့် အိမ်ရာ
တိုက်ခန်းများမှာ ရွှေပေါက်က္ကံ ၊ ရွှေလင်ဗန်း ၊
ကနောင် ၊ ယုဇနအိမ်ရာ အစရှိတဲ့တန်ဖိုးနည်း ၊ တန်ဖိုးသင့် အိမ်ရာတိုက်ခန်းများပါဝင်တာဖြစ်ပါတယ်။