Home  / News  / News Details

News Details

အိမ်ရာတိုက်ခန်းမဲပေါက်ပြီး လာရောက်ဆက်သွယ်ခြင်း မရှိသူများကို အိမ်ရာဝယ်ယူခွင့် လုံးဝတားမြစ်မည်

Sep 24, 2024  /

အိမ်ရာတိုက်ခန်းမဲပေါက်ပြီး လာရောက်ဆက်သွယ်ခြင်း မရှိသူများကို အိမ်ရာဝယ်ယူခွင့် လုံးဝတားမြစ်မည်

စက်တင်ဘာ(၂၄)ရက်။

Myanmar Property Dealer

တန်ဖိုးနည်း တန်ဖိုးသင့် အိမ်ရာ တိုက်ခန်းမဲပေါက်သူများကို  ဒုတိယအကြိမ်အကြောင်းကြားခဲ့သော်လည်း လာရောက်ဆက်သွယ်ခြင်းမရှိတဲ့သူများကို အိမ်ရာဝယ်ယူခွင့် လုံးဝတားမြစ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြည်သူ့အိမ်ရာရောင်းချရေးကော်မတီ သတင်းများအရ သိရပါတယ်။

တန်ဖိုးနည်း တန်ဖိုးသင့်အိမ်ရာစီမံကိန်းများတွင် မဲပေါက်ပြီးတိုက်ခန်းဝယ်ယူခွင့်ရရှိခဲ့သူများအနက်မှ လာရောက်ဆက်သွယ်ခြင်းမရှိသူ တစ်ရာ့လေးဆယ်ခန့်ရှိပြီး လာရောက်ဆက်သွယ်မှုမရှိသောကြောင့် စီမံခန့်ခွဲမှုကိစ္စများမှာနှောင့်နှေးကြန့်ကြာမှုများရှိနေတဲ့အတွက်ကြောင့် အခုလို စည်းကမ်းချက်များ ထုတ်ပြန်လိုက်ခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။

အဆိုပါ တန်ဖိုးနည်း တန်ဖိုးသင့် အိမ်ရာ တိုက်ခန်းများမှာ ရွှေပေါက်က္ကံ ရွှေလင်ဗန်း ကနောင် ယုဇနအိမ်ရာ အစရှိတဲ့တန်ဖိုးနည်း တန်ဖိုးသင့် အိမ်ရာတိုက်ခန်းများပါဝင်တာဖြစ်ပါတယ်။