ဒဂုံမြို့သစ် သုံးမြို့နယ်အတွက် တန်ဖိုးသင့်အိမ်ရာစီမံကိန်း တင်ဒါခေါ်ယူ
ဒီဇင်ဘာ -၃ရက်
Myanmar Property Dealer
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံမြို့သစ် သုံးမြို့နယ်တွင် တန်ဖိုးသင့်အိမ်ရာစီမံကိန်း အတွက် တင်ဒါခေါ်ယူထားနေတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ တင်ဒါလက် ခံရေးနှင့်စိစစ်ရေးကော်မတီက ထုတ်ပြန်ထားရှိပါတယ်။
ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်များတွင် တန်ဖိုးသင့် အိမ်ရာစီမံကိန်းဖော်ဆောင်ရန် အစိုးရ-ပုဂ္ဂလိက အကျိုးတူ ပူးပေါင်း အကောင်အထည်ဖော်ရန်အတွက် ပြည်တွင်းကုမ္ပဏီများကို တင်ဒါခေါ်ယူထားခြင်းလည်းဖြစ်ပါတယ်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် (၄)ခန်းတွဲ (၆)ထပ်တိုက် (၃၆)လုံးနှင့် Shop House အလုံး(၂၀)၊ ဒဂုံ မြို့သစ် (ဆိပ်ကမ်း)မြို့နယ်တွင် (၄) ခန်းတွဲ (၆)ထပ်တိုက် (၁၀) လုံးနှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် (၄)ခန်းတွဲ (၆)ထပ်တိုက် (၄၅)လုံးအပြင် Commercial Area ၂ ဒသမ ၇၃ ဧက အကောင်အထည်ဖော် ဆောင်ရွက်မှာဖြစ်တယ်လို့လည်းသိရပါတယ်။
အဆိုပါ တန်ဖိုးနည်းအိမ်ရာစီမံကိန်းအတွက်တင်ဒါကို ဒီဇင်ဘာ ၄ ရက်မှ ၁၈ ရက်အထိရောင်းချပေးမှာဖြစ်ပြီး ကျောက်တံတားမြို့နယ်၊ (၁၀)ထပ်ရုံး၊ ရှစ်လွှာ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှာ တင်ဒါတင်သွင်းရမှာဖြစ်တယ်လို့လည်းသိရပါတယ်။
ဒါ့အပြင် တင်ဒါပုံစံနှင့်အာမခံကြေးငွေကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားတင်သွင်းရမှာဖြစ်ပြီး တင်ဒါပွဲကျင်းပမဲ့ နေ့ရက်ကို ကြိုတင်အသိပေး အကြောင်းကြားသွားမှာဖြစ်တယ်လို့သိရပါတယ်။