Home  / News  / News Details

新闻详情

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကိုဗစ်ကာလမှာရပ်နားထားတဲ့ ဧည့်ဂေဟာများဒီဇင်ဘာလကုန်မှစတင်ပြီး ရာနှုန်းပြည့်ပြန်လည်ဖွင့်လှစ်မည်

Dec 12, 2025  /

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကိုဗစ်ကာလမှာရပ်နားထားတဲ့ ဧည့်ဂေဟာများဒီဇင်ဘာလကုန်မှစတင်ပြီး ရာနှုန်းပြည့်ပြန်လည်ဖွင့်လှစ်မည်

 

ဒီဇင်ဘာ (၁၂)ရက်။

Myanmar Property Dealer

နေပြည်တော်ကောင်စီနယ်မြေအတွင်း ကိုဗစ်ကာလမှာရပ်နားခဲ့ရတဲ့ ဧည့်ဂေဟာတွေကို ပွင့်လင်းရာသီတွေမှာခရီးသွားပြည်သူတွေလာရောက်တည်းခိုနိုင်စေရန်အတွက် ဒီဇင်ဘာလကုန်မှာစပြီးရာနှုန်းပြည့်ပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျှက်ရှိတယ်လို့နိုင်ငံပိုင်သတင်းဌာနများရဲ့ဖော်ပြချက်အရသိရပါတယ်။    

နေပြည်တော်ကောင်စီနယ်မြေအတွင်းဧည့်ဂေဟာ (၁၀)လုံးရှိတဲ့အနက်ဧည့်ဂေဟာ()လုံးက ကိုဗစ်ကာလအတွင်းယာယီရပ်နားထားခဲ့ရတာြဖစ်ပြီး ယခုအချိန်မှာတော့ပုံမှန်အတိုင်းလည်ပတ်နေပြီဖြစ်ကာကျန်ဧည့်ဂေဟာများကိုလည်းဒီဇင်ဘာလအကုန်တွင်ဖွင့်လှစ်သွားနိုင်အောင်ဆောင်ရွက်နေတယ်လိုသိရပါတယ်။

 ဒါ့အပြင် ပြီးခဲ့တဲ့မတ်လတွင်ဖြစ်ပွားခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့်ဟိုတယ်အဆောက်အအုံတချို ထိခိုက်မှုတွေရှိခဲ့တာြဖစ်ပြီး ယခုအချိန်မှာတော့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ညွန်ကြားချက်နှင့်အညီ ပြန်လည်ပြင်ဆင်မှုတွေပြုလုပ်ထားတယ်လိုသက်ဆိုင်ရာဟိုတယ်တာဝန်ရှိသူများရဲ့ပြောကြားချက်အရသိရပါတယ်။

လက်ရှိ ပွင့်လင်းရာသီမှာ နေပြည်တော်ကောင်စီနယ်မြေအတွင်း လာရောက်လည်ပတ်တည်းခိုကြမဲ့ခရီးသွားဧည့်သည်များအတွက်ဟိုတယ်များမှလည်း ဒီဇင်ဘာလအတွင်း ပရိုမိုးရှင်းများဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။