Home  / News  / News Details

新闻详情

အိမ်ခြံမြေဈေးကွက်အတွင်း ဟိုတယ် အရောင်းတင်ခြင်းများရှိနေပြီးဝယ်သူစိတ်ဝင်စားမှုနည်းပါးနေ

Mar 29, 2024  /

အိမ်ခြံမြေဈေးကွက်အတွင်း ဟိုတယ် အရောင်းတင်ခြင်းများရှိနေပြီးဝယ်သူစိတ်ဝင်စားမှုနည်းပါးနေ

မတ်လ(၃၀)ရက်။

Myanmar Property Dealer

 ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ ဟိုတယ်အတော်များများအိမ်ခြံမြေဈေးကွက်ထဲတွင်အရောင်းတင်လာခြင်းများရှိနေသော်လည်း ဝယ်လက်စိတ်ဝင်စားမှုနည်းပါးနေကြောင်း အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူများထံမှ စုံစမ်းသိရှိရပါတယ်။


ဒီလိုဖြစ်ရခြင်းမှာ ကျွမ်းကျင်လုပ်သားရှားပါးမှု၊လျှပ်စစ်မီးပုံမှန်မရရှိခြင်းနှင့် ပြည်တွင်းဧည့်သည်ကိုသာ မှီခိုနေရတဲ့ ခြေအနေများကြောင့် လုပ်ငန်းများဆက်လက်လည်ပတ်ရန် အခက်အခဲများ ရှိလာနေပြီး နောက်ပြန်လည်ရောင်းထုတ်လာကြတာဖြစ်တယ်လို့လည်းသိရပါတယ်။

 " လွန်ခဲ့တဲ့ နှစ်နှစ် သုံးနှစ်ဝန်းကျင်ကတည်းက ကလော၊ အင်းလေး၊ ညောင်ရွှေဘက်က ဟိုတယ်တွေနဲ့ ပုဂံညောင်ဦးဘက်ကဟိုတယ်တွေပါ Covid ကပ်ရောဂါကာလအပြီးကတည်းက အရောင်းတွေတင်ထားကြတာ"ဟုအိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

ပြည်ပဧည့်သည်မရှိသလောက်နည်းပါးလာတဲ့အတွက် ဟိုတယ်တချို့ လုပ်ငန်းများရပ်ဆိုင်းထားရပြီး တက်လာတဲ့ ကုန်ကျစရိတ်ကို မတောင့်ခံနိုင်တော့တဲ့အတွက် ပြန်လည်ရောင်းချလာရခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။

 ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းနှင့် ၂၀၂၄ နှစ်ဆန်းပိုင်းတွင် အဓိကစီးပွားရေးမြို့တော်ဖြစ်တဲ့ရန်ကုန်၊မန္တလေး မြို့ကြီးရှိ 5star အဆင့်ရှိ ဟိုတယ်တချို့ပါ ဈေးကွက်အတွင်းအရောင်းတင်လာကြပြီး အစိုးရရုံးစိုက်ရာနေပြည်တော်ရှိ 5 star ဟိုတယ်ကြီးများလည်း ပါဝင်လာကြတယ်လို့သိရပါတယ်။