အိမ်ခြံမြေဈေးကွက်အတွင်း
ဟိုတယ် အရောင်းတင်ခြင်းများရှိနေပြီးဝယ်သူစိတ်ဝင်စားမှုနည်းပါးနေ
မတ်လ(၃၀)ရက်။
Myanmar Property Dealer
ဒီလိုဖြစ်ရခြင်းမှာ ကျွမ်းကျင်လုပ်သားရှားပါးမှု၊လျှပ်စစ်မီးပုံမှန်မရရှိခြင်းနှင့်
ပြည်တွင်းဧည့်သည်ကိုသာ
မှီခိုနေရတဲ့ အခြေအနေများကြောင့် လုပ်ငန်းများဆက်လက်လည်ပတ်ရန် အခက်အခဲများ ရှိလာနေပြီး နောက်ပြန်လည်ရောင်းထုတ်လာကြတာဖြစ်တယ်လို့လည်းသိရပါတယ်။
" လွန်ခဲ့တဲ့
နှစ်နှစ် သုံးနှစ်ဝန်းကျင်ကတည်းက ကလော၊ အင်းလေး၊ ညောင်ရွှေဘက်က ဟိုတယ်တွေနဲ့ ပုဂံညောင်ဦးဘက်ကဟိုတယ်တွေပါ
Covid ကပ်ရောဂါကာလအပြီးကတည်းက
အရောင်းတွေတင်ထားကြတာ"ဟုအိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။
ပြည်ပဧည့်သည်မရှိသလောက်နည်းပါးလာတဲ့အတွက်
ဟိုတယ်တချို့ လုပ်ငန်းများရပ်ဆိုင်းထားရပြီး
တက်လာတဲ့ ကုန်ကျစရိတ်ကို မတောင့်ခံနိုင်တော့တဲ့အတွက်
ပြန်လည်ရောင်းချလာရခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။
ပြီးခဲ့တဲ့
၂၀၂၃ နှစ်ကုန်ပိုင်းနှင့် ၂၀၂၄ နှစ်ဆန်းပိုင်းတွင် အဓိကစီးပွားရေးမြို့တော်ဖြစ်တဲ့ရန်ကုန်၊မန္တလေး
မြို့ကြီးရှိ 5star အဆင့်ရှိ ဟိုတယ်တချို့ပါ ဈေးကွက်အတွင်းအရောင်းတင်လာကြပြီး
အစိုးရရုံးစိုက်ရာနေပြည်တော်ရှိ
5 star ဟိုတယ်ကြီးများလည်း
ပါဝင်လာကြတယ်လို့သိရပါတယ်။