နေပြည်တော်ရှိ
သုခဝတီပြည်သူ့အငှားအိမ်ရာအတွင်း
မည်သူမဆို အိမ်ခန်းများ စတင်လျှောက်ထားနိုင် ပြီ။
မေလ
( ၉) ရက်။
Myanmar
Property Dealer
နေပြည်တော်၊
ဒက္ခိဏသီရိမြို့နယ်တွင်
အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးနေပြီဖြစ်တဲ့
သုခဝတီ ပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများကို မည်သူမဆို စတင်လျှောက်ထားနိုင်
ပြီဖြစ်တယ်လို့သိရပါတယ်။
‘’သုခဝတီ
ပြည်သူ့အငှားအိမ်ရာရှိ
အိမ်ခန်းများကို ပြည်သူများ၊လက်ရှိတာဝန်ထမ်းဆောင်ဆဲဝန်ထမ်းများနှင့်အငြိမ်းစားဝန်ထမ်းများအားငှားရမ်းပေးသွားမှာဖြစ်ပါတယ်။’’
အဆိုပါ
အိမ်ခန်းများတွင် ငှားရမ်းနေထိုင်လိုပါက မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊
ရုံးအမှတ်(၄၀)၊ မြေနှင့်အိမ်ရာဌာနခွဲ၊
အိမ်ရာ(၁)သို့ လာရောက်ပြီး
လျှောက်လွှာ ဝယ်ယူ/တင်သွင်းကာ လျှောက်ထားနိုင်ကာ၊ လျှောက်လွှာများကို
မေ ၄ မှ ၁၉
ရက်အထိ ရုံးချိန်အတွင်း ရောင်းချသွားမည်ဖြစ်ပြီး ၊မေလ ၁၀ ရက်မှ ၂၆
ရက်အထိ ရုံးချိန်အတွင်း လျှောက်လွှာလက်ခံသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။
အသေးစိတ်သိရှိလိုပါက
အိမ်ခန်းနေရာ အငှားချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၊
နေပြည်တော်၊ သုခဝတီပြည်သူ့အငှားအိမ်ရာ ဖုန်း - ၀၆၇
- ၃၄၀၇၂၆၇ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်တယ်လို့ လည်းသိရပါတယ်။