Home  / News  / News Details

News Details

နေပြည်တော်ရှိ သုခဝတီပြည်သူ့အငှားအိမ်ရာအတွင်း မည်သူမဆို အိမ်ခန်းများ စတင်လျှောက်ထားနိုင် ပြီ။

May 9, 2023  /

နေပြည်တော်ရှိ သုခဝတီပြည်သူ့အငှားအိမ်ရာအတွင်း မည်သူမဆို အိမ်ခန်းများ စတင်လျှောက်ထားနိုင် ပြီ။

မေလ ( ) ရက်။

Myanmar Property Dealer

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးနေပြီဖြစ်တဲ့ သုခဝတီ ပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများကို မည်သူမဆို  စတင်လျှောက်ထားနိုင် ပြီဖြစ်တယ်လို့သိရပါတယ်။

‘’သုခဝတီ ပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများကို ပြည်သူများ၊လက်ရှိတာဝန်ထမ်းဆောင်ဆဲဝန်ထမ်းများနှင့်အငြိမ်းစားဝန်ထမ်းများအားငှားရမ်းပေးသွားမှာဖြစ်ပါတယ်။’’

အဆိုပါ အိမ်ခန်းများတွင် ငှားရမ်းနေထိုင်လိုပါက မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရုံးအမှတ်(၄၀) မြေနှင့်အိမ်ရာဌာနခွဲ၊ အိမ်ရာ()သို့ လာရောက်ပြီး လျှောက်လွှာ ဝယ်ယူ/တင်သွင်းကာ လျှောက်ထားနိုင်ကာ၊ လျှောက်လွှာများကို မေ မှ ၁၉ ရက်အထိ ရုံးချိန်အတွင်း ရောင်းချသွားမည်ဖြစ်ပြီး ၊မေလ ၁၀ ရက်မှ ၂၆ ရက်အထိ ရုံးချိန်အတွင်း လျှောက်လွှာလက်ခံသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။

 အသေးစိတ်သိရှိလိုပါက အိမ်ခန်းနေရာ အငှားချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၊ နေပြည်တော်၊ သုခဝတီပြည်သူ့အငှားအိမ်ရာ ဖုန်း၀၆၇ - ၃၄၀၇၂၆၇ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်တယ်လို့ လည်းသိရပါတယ်။