Home  / News  / News Details

News Details

US ရှိ ဧက ၂၈၀၀၀ အကျယ်ရှိတဲ့သစ်တောနယ်မြေတခုကို ဒေါ်လာ ၂၃ သန်းဖြင့်ဝယ်ယူလိုက်တဲ့ ဂျက်မား

Jan 5, 2026  /

US ရှိ ဧက ၂၈၀၀၀ အကျယ်ရှိတဲ့သစ်တောနယ်မြေတခုကို ဒေါ်လာ ၂၃ သန်းဖြင့်ဝယ်ယူလိုက်တဲ့ ဂျက်မား

ဇန်နဝါရီ ( ၅ )

Myanmar Property Dealer

 

 

Alibaba ကုမ္ပဏီတည်ထောင်သူ ဘီလီယံနာသူဌေးကြီးဂျက်မားဟာ အမေရီကန်နိုင်ငံ New York ပြည်နယ်ထဲရှိ ဧက ၂၈၀၀၀ အကျယ်ရှိတဲ့သစ်တောနယ်မြေတခုကို ဒေါ်လာ ၂၃ သန်းဖြင့်ဝယ်ယူလိုက်တာပဲဖြစ်ပါတယ်။

ဒီနယ်မြေဟာ New York ပြည်နယ်အတွင်းရှိ Adirondack ဒေသစိတ်အတွင်းမှာတည်ရှိတာဖြစ်ပြီး လှပတဲ့သဘာဝတောတောင်တွေကြောင့်လူသိများတာပဲဖြစ်ပါတယ်။ ဂျက်မားအနေနဲ့ ဒီဒေသအတွင်းမှာရှိတဲ့တောတောင်သစ်ပင်တွေ, တရိစ္ဆာန်တွေနဲ့ဂေဟစနစ်ကိုထိန်းသိမ်းလိုတာကြောင့် ဒေသစိတ်တခုလုံးကိုအပြတ်ဝယ်ယူလိုက်တာဖြစ်တယ်လိုဆိုပါတယ်။

 Adirondack ဒေသစိတ်ဟာ အမေရိကန်မြောက်ပိုင်းမှ တောင်တန်းဒေသဖြစ်ပြီး လှပတဲ့တောတောင်များ၊ ရေအိုင်များ၊ တောရိုင်းတရိစ္ဆာန်များနဲ့ ရှားပါးအပင်မျိုးစိတ်များစွာရဲ့စုရပ်ဖြစ်ခါ နိုင်ငံတဝန်းရှိ တောင်တက်သမားများနဲ့သဘာဝပတ်ဝန်းကျင်လေ့လာသူများကိုအများဆုံးဆွဲဆောင်နေတာပဲဖြစ်ပါတယ်။

ဂျက်မားအနေနဲ့ဒီလိုတန်ဖိုးရှိတဲ့ဒေသကို စီးပွားဖြစ်ပရောဂျက်များ၊ ခရီးသွားလုပ်ငန်းများ၊ သစ်ခုတ်ခြင်း၊ သတ္တုတူးဖော်ခြင်းကဲ့သိုသော စက်မှုအန္တရာယ်များမှ ကာကွယ်ရန် စီစဉ်ထားပြီး တောရိုင်းတိရစ္ဆာန်များ သဘာဝအတိုင်း ရှင်သန်နေထိုင်နိုင်စေရန်နှင့် သစ်တောများကို နောင်မျိုးဆက်သစ်များအထိဆက်လက်မြင်တွေ့နိုင်စေလိုသောရည်ရွယ်ချက်ဖြင့် ထိန်းသိမ်းထားခြင်းဖြစ်တယ်လိုသိရပါတယ်။

ဧက ၂၈၀၀၀ အကျယ်ရှိတဲ့ဒီAdirondack ဒေသစိတ်ဟာ မြိုငယ်တခု၏အကျယ်အဝန်းနဲ့ညီမျှပြီး ဒီလိုကျယ်ဝန်းတဲ့ဒေသကိုသဘာဝမှုမပြတ်ရေရှည်ထိန်းသိမ်းနိုင်ဆိုတာ ဂျက်မားအတွက်ကြီးမားတဲ့စိန်ခေါ်မှုတခုဖြစ်လာနိုင်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရှင်များနဲ့စနစ်တကျကိုင်တွယ်သင့်တယ်လို အဖွဲအစည်းအချိုက သုံးသပ်နေကြတာပဲဖြစ်ပါတယ်။

ဂျက်မားဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုအားသွန်ခွန်ဆိုက်လုပ်ကိုင်သူဖြစ်ပြီး The Earthshot Prize ကဲ့သိုကမ္ဘာ့အမြင့်ဆုံးသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆုကိုရရှိထားသူလည်းဖြစ်ပါတယ်။