ရန်ကုန်တိုင်းဒေသကြီးအတွင်း ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်တာ၊ ပြင်ဆင်တာတွေ လုပ်နေတဲ့ အဆောက်အဦတွေကို စည်ပင်က အရေးယူနေပြီး ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ် ဇူလိုင်လအထိ စုစုပေါင်း အဆောက်အဦ ၂,၇၈၂ ခုအထိ အရေးယူထားတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၈ ရက်နေ့(ယနေ့)မှာ ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ပုဇွန်တောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂ )ဦးစိုးမြင့်က အင်းစိန်၊ မရမ်းကုန်း၊ သင်္ဃန်းကျွန်း၊ လှိုင်နဲ့ စမ်းချောင်းမြို့နယ်တွေမှာ ခွင့်ပြုချက်မရှိဘဲ အထပ်မြင့်အဆောက်အဦတွေ ဆောက်လုပ်နေတဲ့ကိစ္စကို ဘယ်လိုအရေးယူနေသလဲဆိုတာ မေးမြန်းခဲ့တဲ့အပေါ်မှာစည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်အတွင်းရှိ မြေဧရိယာ ၂ ဒသမ ၂၆၆ ဧကနှင့် အဆောက်အဦ ၆ လုံးကို ရေခဲစက်ရုံနှင့် အအေးခန်းများ တည်ဆောက်ကာ ငါး၊ ပုစွန်နှင့် ရေခဲပြုပြင်ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် BOT စနစ်ဖြင့် နှစ်ရှည်ငှားရမ်းလုပ်ကိုင်ခွင့်ပြုမှာဖြစ်ပြီး စိတ်ဝင်စားတဲ့ လုပ်ငန်းရှင်များနဲ့ ကုမ္ပဏီများကို တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ထားတယ်လို့သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လျှောက်ထားရယူခြင်းမရှိဘဲ ကိုယ်ပိုင်သဘောဖြင့် နယ်နိမိတ်သတ်မှတ်ခြင်း၊ ခြံခတ်ခြင်း၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းနှင့် တစ်ဆင့်ပြန်လည်ရောင်းချခြင်းများ မပြုလုပ်ရန် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီက အသိပေးကြေညာထားရှိပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်ရှိ ကာကွယ်ရေးဝန်ကြီးဌာန၊လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ် (မှော်ဘီ) အသုံးပြုရန်အတွက် ယခင်က လွှဲပြောင်းပေးထားတဲ့ မြေဧရိယာများအနက် ၅၀.၁၄ ဧက ကို နိုင်ငံတော်ပိုင်မြေ (State Land) အဖြစ် သတ်မှတ်လိုက်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အမိန့်ကြော်ငြာစာ (၆၈၃/၂၀၂၆) အရ သိရပါတယ်။
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင်ကျင်းပမဲ့ တန်ဆောင်တိုင်ပွဲတော်အတွင်း ဟိုတယ်နဲ့တည်းခိုခန်း ဘိုကင် များပြည့်နေ့ပြီဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
လာမဲ့ သီတင်းကျွတ်ပိတ်ရက်ရှည်ကာလအတွက် ပုဂံဒေသရှိ ဟိုတယ်နဲ့တည်းခိုခန်းများတွင် ကြိုတင်ဘိုကင်တင်ထားမှုများ များပြားနေပြီး လက်ရှိတွင် အခန်း ၇၀ ရာခိုင်နှုန်းနီးပါး ကြိုတင်မှာယူထားပြီးဖြစ်တယ်လို့ ဟိုတယ်လုပ်ငန်းများထံမှ သိရပါတယ်။
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့က ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီကို ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂၄ ရက်တွင် ထုတ်ပြန်တဲ့ အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၂၆) အရ သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်မှာ ရေကျော်စီးဝင်မှုဖြစ်ပေါ်ခဲ့တဲ့ ငဝန်တာ ရေဝင်လမ်းကြောင်းကို ပိတ်ဆို့ထိန်းချုပ်နိုင်ရေး ဆောင်ရွက်နေတဲ့ အရေးကြီးလုပ်ငန်းစဉ်တစ်ခု အောင်မြင်စွာပြီးစီးသွားပြီလို့ သိရပါတယ်။
လာမယ့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်မှာ အကြမ်းဖက်ဖြစ်စဉ်ကြောင့် မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ရုံးတွေ၊ ဌာနပိုင်ရုံးတွေ၊ ရုံးအင်္ဂါရပ်တွေနဲ့ ညီညွတ်မှုမရှိတဲ့ အိုမင်းဟောင်းနွမ်းနေတဲ့ ဌာနပိုင် ရုံးအဆောက်အဦတွေနဲ့ ဝန်ထမ်းအိမ်ရာ တွေကို အသစ်ပြန်လည်ဆောက်လုပ်နိုင်ရေး လျာထားတင်ပြသွားမှာဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ် ဦးစားပေး အစီအစဉ်အလိုက် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွန်းဦးက ပြောပါတယ်။
ဝါတွင်းကာလကို ရောက်ရှိလာပြီဖြစ်ပေမယ့် နေပြည်တော်မှာတော့ နေအိမ်ငှားရမ်းတာနဲ့ အိမ်ပြောင်းရွှေ့တာတွေ ဆက်လက်ရှိနေဆဲဖြစ်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။
မြန်မာ့ဓလေ့ထုံးတမ်းအရ ဝါတွင်းကာလမှာ အိမ်ဆောက်တာ၊ အိမ်ပြောင်းရွှေ့တာတွေကို ရှောင်ကြဉ်လေ့ရှိကြပေမယ့် အခုအချိန်မှာတော့ အဲဒီအယူအဆတွေကို အရင်ကလောက် အလေးထားမှုမရှိတော့ဘဲ အိမ်ငှားရမ်းတာနဲ့ အပြောင်းအရွှေ့တွေ ပုံမှန်လုပ်ဆောင်နေကြတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။