Home  / News  / News Details

News Details

ဒလမြို့နယ်အတွင်းဂျာမဏီနိုင်ငံမှလှူဒါန်းထားတဲ့ရေသန့်စက်ကြီးများဖြင့်ရေသန့်စက်ရုံတည်ဆောက်နေပြီဖြစ်တယ်လို့သိရ

Apr 6, 2023  /

ဒလမြို့နယ်အတွင်းဂျာမဏီနိုင်ငံမှလှူဒါန်းထားတဲ့ရေသန့်စက်ကြီးများဖြင့်ရေသန့်စက်ရုံတည်ဆောက်နေပြီဖြစ်တယ်လို့သိရ ။

ဧပြီလ( ၆ )ရက်။

Myanmar Property Dealer


 နှစ်စဉ်ရေရှားပါးမှုပြဿနာများနှင့်အတူ ဒလ မြို့ပေါ်ရပ်ကွက် တွင် ရေကန် ၁၂၄ ကန်၊ ကျေးရွာများအတွင်း ရေကန် ၂၀၅ ကန် ကိုသာ အဓိကအားထားနေရတဲ့ ဒလမြို့နယ်အတွင်းမှာယခုအခါရေသန့်စက်ရုံကြီးများတည်ဆောက်နေပြီဖြစ်တယ်လို့သိရပါတယ်။

‘’ဒလမြို့ဆိုတာရေပတ်လည်ဝိုင်းနေတဲ့မြို့လေးဖြစ်တဲ့အခါကျတော့ ရေတွင်းတူးတဲ့အခါမှာရေငန်တွေထွက်တာများတယ်။ရှေးခတ်အဆက်ဆက်ကပြောကြတာတော့ရေကျိန်စာမိတယ်လို့ပြောကြတာပေါ့။ဒါကြောင့်ဒလမြို့နယ်မှာဘယ်နေရာပဲရေတွင်းတူးတူးရေငန်ဘဲထွက်တယ်။ဒါကိုလည်းအစိုးရကသိတဲ့အတွက်ကြောင့်ရေသန့်စက်ရုံတွေလုပ်နေတယ်၊အခုတာကြီးရပ်ကွက်မှာဆိုလည်းရေသန့်စက်ရုံထောင်နေပြီ၊တွံ့တေးအပိုင်ပိတ်ဆွယ်ကျေးရွာမှာဆိုရင်လည်းဂျာမဏီကလှူထားတဲ့ရေသန့်စက်ကြီးတွေနဲ့ရေသန့်စက်ရုံကြီးတွေထောင်နေပါတယ်။အဲဒီကရေသန့်စက်ရုံကြီးတွေပြီးတာနဲ့ဒလမြို့နယ်အတွက်သာမကရန်ကုန်မြို့အတွက်ပါရေပြန်လည်ပေးမယ်ဆိုပြီးသတင်းတွေကြားရပါတယ်လို့လည်း ဒလအိမ်ခြံမြေအကျိုးဆောင်တစ်ဦးကပြောပါတယ်။

 လက်ရှိဒလမြို့နယ်တွင် မြို့ပေါ် ၂၅ရပ်ကွက်၊ ကျေးရွာ အုပ်စု ၂၃ စု၊ ကျေးရွာပေါင်း ၅၄ ရွာ၊ အိမ်ခြေပေါင်း ၃၇၀ဝ၀ ကျော်၊ အိမ်ထောင်စုပေါင်း ၃၉၀ဝ၀ ကျော်၊ လူဦးရေပေါင်း ၁၆၂၀ဝ၀ ကျော် အခြေချနေထိုင် လျက်ရှိတယ်လို့လည်းစစ်တမ်းများအရသိရပါတယ်။

 

Photo  - NayMinkha