Home  / News  / News Details

News Details

စံပြအိမ်ရာတစ်ခုအဖြစ်ဖော်ဆောင်ထားတဲ့ မြန်မာ့သားကောင်းအဆင့်မြင့်စစ်မှုထမ်းဟောင်း အိမ်ရာ (လေးထောင့်ကန်)

Oct 17, 2025  /

စံပြအိမ်ရာတစ်ခုအဖြစ်ဖော်ဆောင်ထားတဲ့ မြန်မာ့သားကောင်းအဆင့်မြင့်စစ်မှုထမ်းဟောင်း အိမ်ရာ (လေးထောင့်ကန်)

အောက်တိုဘာ (၁၈)ရက်။

Myanmar Property Dealer

 

ရန်ကုန်တိုင်းဒေသကြီး၊   ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှာအကောင်အထည်ဖော်နေတဲ့ မြန်မာ့သားကောင်းအဆင့် မြင့်စစ်မှုထမ်းဟောင်း အိမ်ရာ (လေးထောင့်ကန်)  အဆောက်အဦများ     ထပ်မံတိုးချဲ့ဆောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေတယ် လို့သိရပါတယ်။

မြန်မာ့သားကောင်းအဆင့်မြင့် စစ်မှုထမ်း ဟောင်းအိမ်ရာ(လေးထောင့်ကန်)အား ရန်ကုန်မြို့တော်ဖွံ့ဖြိုးရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုတဲ့  စံပြုအိမ်ရာတစ်ခု အဖြစ် ရည်မှန်းဆောင်ရွက်နေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အဆိုပါ မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်း အိမ်ရာ(လေးထောင့်ကန်)ကို ၂ဝ၁၇ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပြီး နိုင်ငံတော်နှင့် တပ်မတော်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြပြီး ကျဆုံး၊ သေဆုံးခဲ့ကြတဲ့အရာရှိ၊ စစ်သည် များ၏ မိသားစုဝင်များ၊ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ကြတဲ့ အရာရှိ၊ စစ်သည်များ၊ သက်ပြည့်အငြိမ်းစားစစ်မှုထမ်းဟောင်းများအတွက်    စစ်မှုထမ်းဟောင်းမြို့အဖြစ် ရည်ရွယ်တည်ဆောက်နေတာလည်းဖြစ်ပါတယ်။