Home  / News  / News Details

News Details

တရုတ်နိုင်ငံ၏ အကူအညီဖြင့် အောင်ဆန်းကွင်းကိုပြုပြင်မည်

Feb 21, 2026  /

တရုတ်နိုင်ငံ၏ အကူအညီဖြင့် အောင်ဆန်းကွင်းကိုပြုပြင်မည်
ဖေဖော်ဝါရီ (၂၁)ရက်။
Myanmar Property Dealer
တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အကူအညီဖြင့် အောင်ဆန်းကွင်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် နှစ်နိုင်ငံ သဘောတူ လက်မှတ် ရေးထိုးပြီးဖြစ်တယ်လို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန မှ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်တွင် တည်ရှိတဲ့ အောင်ဆန်းအားကစားကွင်းသည် ၁၆.၁၃၂ ဧက ကျယ်ဝန်းပြီး ၁၉ဝ၆ ခုနှစ်တွင် ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး အင်ဂျင်နီယာအဖွဲ့ (ဦးကောက်)မှ စတင်ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင်အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲကို ၁၉၆၁ ခုနှစ်နှင့် ၁၉၆၉ ခုနှစ်တို့တွင် အိမ်ရှင်အဖြစ် (၂)ကြိမ် လက်ခံကျင်းပခဲ့ပြီး (၂)ကြိမ်စလုံးတွင် အနိုင်ရဗိုလ်စွဲခဲ့တဲ့ အတွက် အောင်ဆန်းအားကစားကွင်းအတွင်း ရွှေရောင်လွှမ်းခဲ့တဲ့သမိုင်းကြောင်းရှိအားကစားကွင်းတခုလည်းဖြစ်ပါတယ်။
ဒါကြောင့်လည်း သက်တမ်းကြာမြင့်ပြီဖြစ်တဲ့ အောင်ဆန်းအားကစားကွင်းကို ကျွမ်းကျင်ပညာရှင် များ ကြည့်ရှုစစ်ဆေးခဲ့မှုအရ ၇ဝ ရာခိုင်နှုန်းခန့် ပျက်စီးနေပြီး အန္တရာယ်ရှိတဲ့အတွက် ပြေးလမ်း ပါဝင်သော ခေတ်မီအားကစားရုံအသစ် တည်ဆောက်သင့်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ ပြန်လည်အကြံပြုထားခြင်းဖြစ်ပါတယ်။
အောင်ဆန်းအားကစားကွင်းအား ငလျင်ဒဏ်အပါအဝင် သဘာဝဘေးအန္တရာယ်ဒဏ်၊ ရာသီဥတု ဒဏ်ခံနိုင်စေရေးနှင့် သတ်မှတ်စံချိန်စံညွှန်း၊ အရည်အသွေးပြည့်မီစေရေး ဦးစားပေး တည်ဆောက် သွားရန် သက်ဆိုင်ရာဝန်ကြီးဌာနကညွှန်ကြားထားရှိပါတယ်။