Home  / News  / News Details

News Details

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ရန်ကုန်မြို့တွင်း အခွန်စည်းကြပ်ရန် သတ်မှတ်မြေဈေးနှုန်းများသတ်မှတ်

Apr 20, 2024  /

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ရန်ကုန်မြို့တွင်း အခွန်စည်းကြပ်ရန် သတ်မှတ်မြေဈေးနှုန်းများသတ်မှတ်

ဧပြီလ(၂၀)ရက်။

Myanmar Property Dealer

 ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခွန်စည်းကြပ်ရန်အတွက် မြို့နယ်အလိုက်သတ်မှတ်မြေဈေးနှုန်းများ ကိုထုတ်ပြန်လိုက်ပါတယ်။

 ကမာရွတ်မြို့နယ်၊ ပြည်လမ်းပိုင်းရှိမြေကွက် တစ်စတုရန်းပေ ကျပ် ၆၀၀,၀၀၀ (ပေ ၁၀၀ ပတ်လည်အတွက် ကျပ်သိန်းခြောက်သောင်း) ဖြင့်သာ အများဆုံးသတ်မှတ်ထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မြေရောင်း/ဝယ်ခြင်းအပေါ် အခွန်စည်းကြပ်ရန် နှုန်းထားများအရ သိရပါတယ်။

ရန်ကုန်မြို့တွင်း လမ်းမတော်၊ ပန်းဘဲတန်း၊ လသာ၊ ဗိုလ်တထောင်၊ ပုဇွန်တောင်နှင့် ကျောက်တံတားမြို့နယ်များအတွင်းရှိ ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလမ်း၊ ကုန်သည်လမ်း၊ ကမ်းနားလမ်းနှင့် ဘုန်းကြီးလမ်း အစရှိတဲ့လမ်းမကြီးများတွင် တစ်စတုရန်းပေအတွက် ကျပ် ၃၄၀,၀၀၀ ဖြင့်အများဆုံး သတ်မှတ်ထားပြီး အခြားလမ်းမကြီးတွင် ကျပ် ၂၅၀,၀၀၀ မှ ကျပ် ၂၉၀,၀၀၀ အထိ သတ်မှတ်ထားပါတယ်။

ကျောက်တံတားမြို့နယ်အတွင်းရှိ နံပါတ်တပ်လမ်းများအတွက် အများဆုံး ကျပ် ၂၁၀,၀၀၀ နှင့် အခြားနံပါတ်တပ်လမ်းများအတွက် ကျပ် ၁၀၀,၀၀၀ မှ ကျပ် ၁၇၀,၀၀၀ အထိ သတ်မှတ်ထားတာပါ။ ကမာရွတ်မြို့နယ်းအတွင်းရှိ ပြည်လမ်းမတွင် တစ်စတုရန်းပေအတွက် ကျပ် ၆၀၀,၀၀၀ ဖြင့်အများဆုံး သတ်မှတ်ထားပြီး ပြည်လမ်းလမ်းသွယ်တွင် ကျပ် ၂၅၀,၀၀၀၊ အခြားလမ်းမကြီးများတွင် ကျပ် ၂၀၀,၀၀၀ မှ ကျပ် ၄၀၀,၀၀၀ အထိ သတ်မှတ်ထားကာ ရပ်ကွက်အတွင်းလမ်းများတွင် ကျပ် ၆၀,၀၀၀ မှ ကျပ် ၁၂၀,၀၀၀ အထိ ဒဂုံမြို့နယ်အတွင်းမှာတော့ တစ်စတုရန်းပေအတွက် ပြည်လမ်းမတွင် ကျပ် ၅၀၀,၀၀၀၊ ကျန်လမ်းမကြီးများတွင် ကျပ် ၃၄၀,၀၀၀ နှင့် အတွင်းလမ်းတွင် အများဆုံး ကျပ် ၁၇၀,၀၀၀ သတ်မှတ်ထားရှိပါတယ်။

 အလားတူ မရမ်းကုန်းမြို့နယ်အတွင်းရှိ ပြည်လမ်းမတွင် တစ်စတုရန်းပေအတွက် ကျပ် ၄၈၀,၀၀၀ နှင့် ရပ်ကွက်အတွင်းလမ်းတွင် ကျပ် ၄၀,၀၀၀ မှ ကျပ် ၂၂၀,၀၀၀ အထိ အများဆုံး သတ်မှတ်ထားခြင်းလည်းဖြစ်ပါတယ်

။ စမ်းချောင်းမြို့နယ်အတွင်းရှိ ပြည်လမ်းမတွင် တစ်စတုရန်းပေအတွက် ကျပ် ၅၂၀,၀၀၀၊ အတွင်းလမ်းများတွင် အများဆုံး ကျပ် ၂၅၀,၀၀၀ နှင့် ရပ်ကွက်အတွင်းလမ်းတွင် လမ်းမကြီးနှင့် လမ်းသွယ်ကွာခြားမှုအပေါ်မူတည်၍ ကျပ် ၅၅,၀၀၀ မှ ကျပ် ၂၅၀,၀၀၀ ၊လှိုင်မြို့နယ် ပြည်လမ်းမတွင် တစ်စတုရန်းပေအတွက် ကျပ် ၅၅၀,၀၀၀၊ ပြည်လမ်းမလမ်းသွယ်တွင် ကျပ် ၂၅၀,၀၀၀ ၊ အခြားလမ်းမကြီးများတွင် ကျပ် ၉၀,၀၀၀ မှ ကျပ် ၂၀၀,၀၀၀ နှင့် ရပ်ကွက်အတွင်းလမ်းများတွင် ကျပ် ၆၀,၀၀၀ မှ ကျပ် ၁၂၀,၀၀၀ ကျပ် သတ်မှတ်ထားရှိပါတယ်။ အင်းစိန်မြို့နယ်အတွင်းရှိ ပြည်လမ်းမတွင် တစ်စတုရန်းပေ ကျပ် ၃၄၀,၀၀၀၊ အခြားလမ်းမကြီးများတွင် ကျပ် ၂၀၀,၀၀၀ မှ ကျပ် ၂၃၀,၀၀၀ အထိနှင့် ရပ်ကွက်လမ်းများတွင် ကျပ် ၅၅,၀၀၀ မှ ကျပ် ၁၈၀,၀၀၀ အထိ သတ်မှတ်ထားပြီး ဗဟန်းမြို့နယ်အတွင်းရှိ ကမ္ဘာအေးဘုရားမကြီးတွင် တစ်စတုရန်းပေ ကျပ် ၄၈၀,၀၀၀ ၊ ကျန်လမ်းမကြီးများတွင် ကျပ် ၂၂၀,၀၀၀ မှ ကျပ် ၃၅၀,၀၀၀ အထိ၊ နံပါတ်တပ်လမ်းနှင့် လမ်းသွယ်များတွင် ကျပ် ၁၃၀,၀၀၀ မှ ကျပ် ၁၈၀,၀၀၀ အထိ သတ်မှတ်ထားရှိပါတယ်။

 ရန်ကင်းမြို့နယ်အတွင်းရှိ ကမ္ဘာအေးဘုရားလမ်းမကြီးတွင် တစ်စတုရန်းပေ ကျပ် ၅၅၀,၀၀၀ ကျပ်၊ အတွင်းလမ်းများတွင် ကျပ် ၂၅၀,၀၀၀၊ အခြားလမ်းမကြီးများတွင် ကျပ် ၂၂၀,၀၀၀ မှ ကျပ် ၂၅၀,၀၀၀ အထိနှင့် ရပ်ကွက်အတွင်းလမ်းများတွင် ကျပ် ၈၀,၀၀၀ မှ ကျပ် ၂၀၀,၀၀၀ အထိ သတ်မှတ်ထားပါတယ်။

အလုံမြို့နယ်အတွင်းရှိ လမ်းမကြီးများအတွက် ကျပ် ၂၅၀,၀၀၀ မှ ကျပ် ၃၀၀,၀၀၀ အထိ၊ ရပ်ကွက်လမ်းများတွင် ကျပ် ၇၀,၀၀၀ မှ ကျပ် ၂၀၀,၀၀၀ အထိ သတ်မှတ်ထားပြီးတာမွေမြို့နယ်အတွင်းရှိ လမ်းမကြီးများအတွက် အများဆုံး ကျပ် ၂၀၀,၀၀၀ မှ ၃၂၀,၀၀၀ အထိ၊ ရပ်ကွက်အတွင်းလမ်းများတွင် ကျပ် ၇၀,၀၀၀ မှ ကျပ် ၁၀၀,၀၀၀ သတ်မှတ်ထားရှိပါတယ်။

မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်းရှိ လမ်းမကြီးများအတွက် တစ်စတုရန်းပေ ကျပ် ၁၅၀,၀၀၀ မှ ကျပ် ၃၂၀,၀၀၀ နှင့် နံပါတ်တပ်လမ်းများအတွက် ကျပ် ၇၀,၀၀၀ မှ ကျပ် ၁၂၀,၀၀၀ အထိ သတ်မှတ်ထားပါတယ်။ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဝေဇယန္တာလမ်းမကြီးတွင် တစ်စတုရန်းပေ ကျပ် ၃၄၀,၀၀၀ ၊ ကျန်လမ်းမကြီးများတွင် ကျပ် ၁၅၀,၀၀၀ မှ ကျပ် ၂၂၀,၀၀၀ အထိ နှင့် ရပ်ကွက်လမ်းများတွင် ကျပ် ၇၀,၀၀၀ မှ ကျပ် ၁၀၀,၀၀၀ သတ်မှတ်ထားပြီး၊ ကြည့်မြင်တိုင်မြို့နယ်အတွင်း လမ်းကြီးများအတွက် တစ်စတုရန်းပေ ကျပ် ၂၀၀,၀၀၀ မှ ကျပ် ၃၀၀,၀၀၀ နှင့် ရပ်ကွက်လမ်းများတွင် ကျပ် ၅၅,၀၀၀ မှ ကျပ် ၇၅,၀၀၀ သတ်မှတ်ထားရှိပါတယ်။

အခြားမြို့နယ်များအတွင်း တစ်စတုရန်းပေအတွက် သတ်မှတ်မြေဈေးနှုန်းများသည် မြောက်ဥက္ကလာပမြို့နယ်တွင် အနည်းဆုံး ကျပ် ၂၅,၀၀၀ မှ အများဆုံး ကျပ် ၁၅၀,၀၀၀ သတ်မှတ်ထားပြီး သာကေတမြို့နယ်တွင် အနည်းဆုံး ကျပ် ၂၁,၀၀၀ မှ အများဆုံး ကျပ် ၈၅,၀၀၀ သတ်မှတ်ထားကာ ဒေါပုံမြို့နယ်တွင် အနည်းဆုံး ကျပ် ၂၁,၀၀၀ မှ အများဆုံး ကျပ် ၈၅,၀၀၀ သတ်မှတ်ထားတာကိုတွေ့ရပါတယ်။

သဲသဲ