မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း
ဖွံ့ဖြိုးတိုးတက်ရေးအသင်းကြီး ဗဟိုယာယီဥက္ကဌအဖြစ် ဒုတိယ ဥက္ကဌ(၁) ဦးနန္ဒကျော်တာဝန်ယူ
ဧပြီလ (၉)ရက်။
မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း
ဖွံ့ဖြိုးတိုးတက်ရေးအသင်းကြီး၏ စတုတ္ထအကြိမ်မြောက်
နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးနှင့်ကြားဖြတ်ရွေးကောက်ပွဲအခမ်းအနားကိုနေပြည်တော် ၊ဒက္ခိဏသီရိမြို့နယ်
တုံဂပူရိဟိုတယ်မှာ
ဧပြီလ (၇)ရက်နေ့ကကျင်းပခဲ့ပြီး MRPDAဗဟိုယာယီဥက္ကဌအဖြစ် ဒုတိယဥက္ကဌ(၁) ဦးနန္ဒကျော် ကိုတာဝန်ပေးအပ်ခဲ့တယ်လို့သိရပါတယ်။
အဆိုပါအစည်းအဝေးကို MRPDA နာယကကြီးများ ၊ ဥက္ကဌနှင့် CEC EC များ၊ တိုင်းနဲ့ပြည်နယ်အသီးသီးမှ ဥက္ကဌများနှင့်အသင်းသား/အသင်းသူ ၇၀၀ ကျော်တက်ရောက်ခဲ့ကြတယ်လို့လည်းသိရပါတယ်။
‘’လက်ရှိဥက္ကဌကတော့ ဦးအောင်ထွန်းပေါ့။ကျန်းမာရေးကြောင့်နုတ်ထွက်ခွင့်တောင်းတယ်။ဒါပေမယ့် (CEC-EC)တွေကတော့နုတ်ထွက်ခွင့်မပေးကြဘူး၊ဒါကြောင့် ၆ရက်နေ့မှာကျင်းပခဲ့တဲ့အစည်းဝေးကနေ စာချုပ်စာတန်းတွေနဲ့တရားဝင်ဒု-ဥက္ကဌ(၁)ဦးနန္ဒကျော်ကိုလွဲပေး လိုက်တာ။အကယ်လို့ ဥက္ကဌက ဘန်ကောက်ကနေပြန်လာရင်ပြန်လုပ်နိုင်ရင်စာတင်ပြီးပြန်လုပ်ပေးပါမယ်လို့ပြောသွားပါတယ်။အကယ်၍မလုပ်နိုင်ရင်တောင်အသင်းကြီးမှာဆက်ရှိနေမှာဖြစ်တယ်’’လို့မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်းကြီး ဗဟို (EC)၊ရန်ကုန်တိုင်း(EC-CEC)၊ရွှေပြည်သာမြို့နယ်ဥက္ကဌ ဦးပိုင်မြင့်မှပြောပါတယ်။
မြန်မာနိုင်ငံအိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းအနေဖြင့်သက်တမ်းအားဖြင့်(ရ)နှစ်ကျော်ရှိနေပြီးတိုင်းဒေသကြီး၊ပြည်နယ်အသီးသီးတွင်အသင်းဝင်ဦးရေ
တစ်သောင်းကျော်ရှိနေကြောင်းလည်းသိရပါတယ်။