Home  / News  / News Details

News Details

လက်ရှိ အိမ်ခြံမြေဈေးကွက်ထဲမှာ အငှားတွေထက်အရောင်းတွေပိုအဝယ်လိုက်နေတယ်

Aug 17, 2022  /

ဩဂုတ်(  ၁၇)ရက်

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပြီးနောက်ပိုင်း အိမ်ခြံမြေဈေးကွက်အနည်းအငယ်ပြန်လည် ဦးမော့လာပြီးအိမ်ခြံမြေဈေးကွက်ထဲမှာလည်းတိုက်ခန်း၊ကွန်ဒိုတွေအရောင်းအဝယ် ပြန်လိုက်လာ တယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေထံမှသိရသည်။

ယခင်ကအိမ်ခြံမြေဈေးကွက်ထဲ၌ နိုင်ငံခြားသားအများစုငှားရမ်းနေထိုင်ခြင်းကြောင့်တိုက်ခန်း၊လုံးခြင်း၊ကွန်ဒို ဈေးကွက်ဖြစ်ထွန်းခဲ့ပြီး၊လက်ရှိမှာ နိုင်ငံခြားသားအများစု ၎င်းတို့၏ နေရပ်ပြန်ခြင်း များ ကြောင့်အငှားဈေးကွက်မှာအနည်းငယ်သာအလုပ်ဖြစ်တော့ ကြောင်းလည်း သိရသည်။

“အငှားတွေထက်အရောင်းတွေကပိုအလုပ်ဖြစ်နေတယ်။ ကျွန်မဆိုရင်တကယ်ကျွမ်းကျင်တာကကွန်ဒို၊တိုက်ခန်း၊လုံးခြင်းအိမ်အငှားတွေကိုအဓိကထားပြီးလုပ်ကိုင်တာ၊နိုင်ငံခြားသားတွေ၊သံရုံးဝန်ထမ်းတွေ၊NGOတွေကို အငှားဝန်ဆောင်မှုတွေပေး တာပေါ့နော်။ ဒါပေမယ့်အခုကာလမှာ နိုင်ငံခြားသားတော်တော်များများ ကနေရပ်ပြန်ကုန်ကြတယ်။ အဲဒီအတွက်အငှားတွေကသိပ်အဆင်မပြေဘူး၊အခုချိန်မှာလည်း ဈေးကွက်ကအငှားတွေထက် အရောင်းအဝယ်တွေကပိုပြီးတော့အလုပ်ဖြစ်နေတယ်’’ဟု မနီရွှေအောင် (CN Yangon Real Estate )ကဆိုသည်။

လက်ရှိတွင်    ဒေါ်လာဈေးအဆမတန်မြင့်တက်မှုကြောင့် ရင်းနှီးမြုပ်နှံမှုကဏ္ဍစုံ၏ဈေးကွက်ထဲ၌ ငွေဖြစ်လွယ်မှုအမြန်ဆုံးဖြစ်သည့် အိမ်၊ခြံ၊မြေနှင့်ကွန်ဒိုများကိုဝယ်ယူနေကြပြီး၊ အရေးပေါ်ငွေ လိုအပ်ပါကလည်း ချက်ခြင်းငွေသားအဖြစ် အမြန်ဆုံးပြောင်းလဲလည်နိုင်သည့်လုပ်ငန်းမျိုးဖြစ်သည်ဟုလည်း သိရသည်။

#အငှားထက်အရောင်းအလုပ်ဖြစ်

#နိုင်ငံခြားသားအများစုသာအငှားဖြစ်နေ

Website Link- https://myanmarpropertydealer.com/en

App Link-https://play.google.com/store/apps/details...

Youtube Link-https://www.youtube.com/channel/UCsHbWEX-0Xs3Dxx8yZXBc0Q