ပြင်ဦးလွင်မြို့၊ စစ်မှုထမ်းဟောင်းအိမ်ရာများ
ထပ်မံဆောက်လုပ်ပေးသွားမည်
ဒီဇင်ဘာ (၆)ရက်။
Myanmar Property Dealer
ပြင်ဦးလွင်မြို့ရှိ စစ်မှုထမ်းဟောင်းအိမ်ရာတွင်
အရာရှိကြီးနေအိမ်၊ အရာရှိငယ်နေအိမ်နှင့် အခြားအဆင့်နေအိမ်များအား ထပ်မံဆောက်လုပ်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။
လက်ရှိ ပြင်ဦးလွင်မြို့၊ စစ်မှုထမ်းဟောင်းအိမ်ရာတွင် အခြားအဆင့် နေအိမ် ၂ ခန်းတွဲ ၄ ထပ် ၁၀ လုံး၊ အခြားအဆင့်နေအိမ် ၄ ခန်းတွဲ ၆ ထပ် ၁၀ လုံး၊ အရာရှိငယ်နေအိမ် ၄ ခန်းတွဲ ၆ ထပ် ၃ လုံး၊ အရာရှိကြီးနေအိမ် ၄ ခန်းတွဲ ၆ ထပ် ၁ လုံးတို့ကို ဆောက်လုပ်ပြီးစီးပြီဖြစ်တယ်လို့လည်းသိရပါတယ်။
စစ်မှုထမ်းဟောင်းအိမ်ရာများနှင့်ပတ်သက်ပြီး ရန်ကုန်မြို့တွင်လည်း မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်း အိမ်ရာ(လေးထောင့်ကန်)ကို ၂ဝ၁၇ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပြီး နိုင်ငံတော်နှင့် တပ်မတော်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြပြီး
ကျဆုံး၊ သေဆုံးခဲ့ကြတဲ့အရာရှိ၊ စစ်သည် များ၏ မိသားစုဝင်များ၊ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ကြတဲ့
အရာရှိ၊ စစ်သည်များ၊ သက်ပြည့်အငြိမ်းစားစစ်မှုထမ်းဟောင်းများအတွက် စစ်မှုထမ်းဟောင်းမြို့အဖြစ် ရည်ရွယ်တည်ဆောက်ထားရှိတာဖြစ်တယ်လို့လည်းသိရပါတယ် ။