Home  / News  / News Details

News Details

ဦးတေဇ၏ သားသမီးအမည်ပေါက် ပြည်လမ်းခြံကြီးအရောင်းအဝယ် ကျပ်ဘီလျံ(၂၀ဝ)ထက်မနည်း ရနိုင်ခြေရှိ သည်ဟု ခန့်မှန်း

Oct 18, 2024  /

ဦးတေဇ၏ သားသမီးအမည်ပေါက် ပြည်လမ်းခြံကြီးအရောင်းအဝယ် ကျပ်ဘီလျံ(၂၀ဝ)ထက်မနည်း ရနိုင်ခြေရှိ သည်ဟု ခန့်မှန်း

အောက်တိုဘာ (၁၈)

Myanmar  Property Dealer

 

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့ နယ်၊ ပြည်လမ်း အင်းလျားကန် မျက်နှာချင်းဆိုင်ရှိ တစ်ဧကခွဲကျယ်ဝန်းသော ဦးတေဇ၏ သားသမီးအမည်ပေါက် ပြည်လမ်းခြံကြီးအရောင်းအဝယ် မှာ ကျပ်ဘီလျံ(၂၀ဝ)ထက်မနည်း ရနိုင်ခြေရှိ တယ်လို့ အိမ်ခြံမြေအသိုင်းအဝိုင်းမှခန့်မှန်း ပြောဆိုကြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ()ရက်က  နိုင်ငံပိုင်သတင်းစာတွင် ထူးလုပ်ငန်းစုပိုင် အဆိုပါ ခြံကြီး၏အရောင်းအဝယ်အတွက် ကန့်ကွက် လိုသူရှိပါက (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါကြောင်းလည်းဖော်ပြပါရှိလာပါတယ်။

ဖော်ပြချက်ထဲတွင် အမှတ်() တည်ရှိရာ မြေတိုင်းရပ် ကွက်အမှတ် (၃၂) မြေကွက်အမှတ် (/က-) ဧရိယာ ( ဒသမ ဧက)ရှိ မြေပိုင်မြေကွက်နှင့် မြေ ပေါ်ရှိ အဆောက်အအုံအပါအဝင် အကျိုးခံစားခွင့်ကို ဦးပြည့်ဖြိုးတေဇ၊ ဦးထူးထက်တေဇ၊ ဒေါ်ထူး ထွေးတေဇ တို့ထံမှ အမည်မဖော်ပြထားသူတစ်ဦးက ဝယ်ယူခဲ့ပြီးနောက် စရန်ငွေတစ်စိတ်တစ်ဒေသကို ပေးချေထားကြောင်း ဖော်ပြထားရှိပါတယ်။

 လက်ရှိတွင် အဆိုပါ ခြံကြီးကိုဝယ်ယူသွားသူမှာ ကျောက်မျက်လုပ်ငန်းရှင်ကိုးကန့်-တရုတ် ဟုသတင်းများထွက်ပေါ်နေပြီး အရောင်းအဝယ်ဖြစ်သွားတဲ့ဈေးနှုန်းကို အတိအကျ ဖော်ပြထား ခြင်းမရှိပေမယ့် လက်တလော ပြည်လမ်းပေါ်တွင်ပေါက်နေတဲ့ ဈေးနှုန်းများမှာ တစ်ပေပတ်လည် သိန်း၃၀နီးပါးပေါက်ဈေးရှိနေတယ် လို့လည်းအိမ်ခြံမြေလုပ်ငန်းရှင်များထံမှသိရပါတယ်။

‘’လက်တလောအိမ်ခြံမြေဈေးကွက်မှာဟစ်ဖြစ်နေတာကတော့ ဦးတေဇခြံကြီးပေါ့။ဘယ်လောက်နဲ့ဈေးတည့်သွားလဲဆိုတာဘယ်သူမှမသိပေမယ့်။အဲဒီခြံကြီးရဲ့အကျယ်အဝန်းကစတုရန်းပေ (၆၅၃၄၀) ကျယ်ဝန်းတယ်ဆိုတော့ ပေါက်ဈေးတစ်ပေပတ်လည် သိန်း၃၀နဲ့မြှောက်လိုက်ရင်ခန့်မှန်းခြေ ကျပ်ဘီလျံ(၂၀ဝ)ထက်မနည်း ရနိုင်ခြေရှိ တယ်’’ဟုလည်းအိမ်ခြံမြေလုပ်ငန်းရှင်များထံမှသိရပါတယ်။