ကံစမ်းမဲပေါက်တာနဲ့ချက်ချင်းတက်နေလို့ရမယ့် ကျပ်ငွေ (၁၈,၀၀၀) နဲ့ အိမ်ပိုင်ဆိုင်ခွင့်အစီအစဉ်
Myanmar Property Dealer
စက်တင်ဘာ-၂၈ ရက်
Kyaw Swar Hein Page (၃)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် မြန်မာကျပ်ငွေ (၁၈,၀၀၀) ကျပ်နဲ့ အိမ်ပိုင်ဆိုင်ခွင့် အစီအစဉ်ကို ကိုကျော်စွာဟိန်းမှ ဒုတိယအကြိမ်ပြန်လည်ကျင်းပပေးမှာဖြစ်ပြီး စက်တင်ဘာလအစမှာ စတင်ခဲ့တဲ့ ဒီအစီအစဉ်ကို ကံစမ်းမဲအရောင်းကာလ (၁)လ သတ်မှတ်ထားတာလည်းဖြစ်ပါတယ် ။
ပထမအကြိမ် အိမ်ပိုင်ဆိုင်ခွင့်အစီအစဉ်ကို (၂၀၂၀)ခုနှစ်က ကျပ်ငွေ (၁၀,၀၀၀)နဲ့ မီနီကွန်ဒိုတစ်ခန်း မဲဖောက် ပေးခဲ့တာဖြစ်ပြီး ၊အခု ဒုတိယအကြိမ် အိမ်ပိုင်ဆိုင်ခွင့် အစီအစဉ်မှာ ပြင်ဆင်ပြီး အသင့်နေထိုင်နိုင်တဲ့ တိုက်ခန်း (၄)ခန်း၊ရွှေတစ်ကျပ်သား (၁၀)ဆု ပါဝင်သွားမှာဖြစ်ပါတယ်။
ကံစမ်းမဲလက်မှတ်ကို အောက်တိုဘာ (၁)ရက်နေ့အထိ ရောင်းချပေးမှာဖြစ်ပြီး ကိုယ်စားဝန်ဆောင်မှုကို ညနေ (၅)နာရီအထိနဲ့ website ဝန်ဆောင်မှုကို ည (၁၁) နာရီ (၅၉)မိနစ်အထိ ဝယ်ယူလို့ရနိုင်မှာဖြစ်ပါတယ်။ အောက်တိုဘာလ (၂)ရက်နေ့မှာတော့ Lotte Hotel Sapphire Ballroom မှာ မနက် (၁၀)နာရီမှ နေ့လည် (၁)နာရီအထိ အိမ်ပိုင်ဆိုင်ခွင့်ကံစမ်းမဲဖောက်ပေးခြင်းအစီအစဉ်ကို ပြုလုပ်သွားမှာဖြစ်တယ်လို့ လည်းသိရပါ တယ်။
“ကျွန်တော် ပထမတစ်ခေါက်တုန်းက ပထမဆုံးအကြိမ်ဖြစ်တယ် ။ဘယ်သူမှလည်း မလုပ်ဖူးသေးဘူးဆိုတော့ ဖေ့ဘုတ်စ်မှာ တော်တော်လေးကို negative တွေလည်းများတော့ တအားပေါက်တယ် ။ အကုန်လည်းကုန်သွားတယ် ။တော်တော် လေးလည်း ရောင်းရတယ်။ ပထမတစ်ခေါက်မှာ ကျွန်တော်တကယ်လုပ်ပေးခဲ့တယ် ။မှန်မှန်ကန်ကန် ရွေးချယ်ပေးခဲ့တယ်ဆိုတော့ လူတွေရဲ့ယုံကြည်မှုကိုရရှိတဲ့အခါကျတော့ negative ရေးတဲ့သူတွေသိပ်မရှိတော့ ရောင်းအားကတော့ ထိုက်သင့်သလောက်တော့ရှိတယ် အဆင်ပြေတယ်ပေါ့။ အရင်တခေါက်ကလည်း အခက်အခဲ ရှိခဲ့တာလေးတွေကို ပြင်ဆင်ပြီးတော့ ကျွန်တော်တို့အရင်တစ်ခေါက်က payment နဲ့ပတ်သက်ပြီး အခက်အခဲ ရှိခဲ့တယ် ။အခုကတော့ ကျွန်တော်တို့ website တွေဘာတွေရေးပြီး သေချာ payment gateway တွေသုံးပြီး လုပ်ပေးတဲ့အတွက် လူသက်သာပြီး အဆင်ပြေတယ်၊ချောမွေ့တယ်။ ဒါပေမယ့် payment gateway မသုံးတက်တဲ့ သူတွေအတွက်ကျ manually ဝယ်ပေးရတာမျိုးလေးတွေရှိပါတယ် လို့ Property Link မှ Director & co-founder ကိုကျော်စွာဟိန်းမှ payment နဲ့ပတ်သက်ပြီး ပြင်ဆင်ထားပုံလေးတွေကို အခုလိုပြောပါတယ်။
အိမ်ပိုင်ဆိုင်ခွင့်အစီအစဉ်မှာ ကံထူးရှင်တွေအနေနဲ့ မဲပေါက်တဲ့တိုက်ခန်းကို ကံစမ်းမဲပွဲအပြီး နောက်တစ်ရက်မှာ မှတ်ပုံတင်နဲ့အတူ လာရောက်ထုတ်ယူနိုင်ပြီး အိမ်ပိုင်ဆိုင်မှုစာချုပ်စာတမ်းနဲ့အတူ ချက်ချင်းအပ်နှံပေးမှာ ဖြစ်ပါ တယ်။
မဲပေါက်သွားတဲ့သူတွေအနေနဲ့ ချက်ချင်းမထုတ်ယူနိုင်တဲ့အခါမှာလည်း အချိန်အကန့်အသတ်မရှိ စောင့်ဆိုင်းပေးသွားမယ်လို့သိရပြီး စာချုပ်စာတမ်းနဲ့လွှဲအပ်ပြီးသွားတာနဲ့ ချက်ချင်းတက်နေထိုင်လို့ရအောင် ပြင်ဆင်ပေးထားတယ်လို့ သိရပါတယ်။
မဲပေါက်တဲ့သူတွေဆီတိုက်ခန်းအပ်နှံခြင်းအစီအစဉ်ကို မဲပေါက်သူတွေနဲ့ တွေ့ဆုံကာ အမှတ်တရလေးတွေ ဖန်တီး ပေးချင်တာကြောင့် တစ်ရက်ခြားစီ ချိန်းဆိုကာ လွှဲပြောင်းပေးအပ်သွားမယ်လို့လည်း သိရပါတယ်။
#ကျော်စွာဟိန်း
#အိမ်ပိုင်ဆိုင်ခွင့်အစီအစဉ်