Home  / News  / News Details

News Details

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာစီမံကိန်း၌ အိမ်ထောင်စု ၂၇၃၆ စု နေထိုင်နေပြီဖြစ်ကြောင်းသိရ

Feb 26, 2025  /

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာစီမံကိန်း၌ အိမ်ထောင်စု ၂၇၃၆ စု နေထိုင်နေပြီဖြစ်ကြောင်းသိရ

ဖေဖော်ဝါရီ (၂၇)ရက်။

Myanmar Property Dealer

 ရန်ကုန်မြို့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာစီမံကိန်းအတွင်း အဆောက်အအုံ ၁၇၁ လုံး တည်ဆောက်ပြီးစီးပြီဖြစ်ကာ အိမ်ထောင်စု ၂၇၃၆ စုအထိ နေထိုင်နေပြီဖြစ်ကြောင်း သိရပါတယ်။

  ၁၈၁ ဧက ကျယ်ဝန်းတဲ့သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်းဧရိယာအတွင်းလေးထပ် ၁၆ ခန်း နှစ်လုံးတွဲအဆောက်အအုံ ၂၇၂ လုံး တည်ဆောက်သွားမှာဖြစ်ကြောင်းသိရပါတယ်။

 အဆိုပါစီမံကိန်းအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းဘဏ္ဍာငွေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက လမ်းကွန်ရက်နှင့် အဆောက်အအုံအားလုံးကို တာဝန်ယူတည်ဆောက်ပေးလျက်ရှိပြီး ရေဆက်သွယ်ခြင်း၊ သန့်ရှင်းရေးလုပ်ငန်းနှင့် ဈေးများတည်ဆောက်ခြင်းကို မြို့တော်စည်ပင် (YCDC) က တာဝန်ယူတည်ဆောက်ကာ လျှပ်စစ်မီးရရှိဆက်သွယ်မှုများကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတို့က သတ်မှတ်ကာလပြီးစီးနိုင်ရန် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရပါတယ်။

လက်ရှိတွင် မဲပေါက်နေထိုင်လျက်ရှိတဲ့ ပြည်သူများ အခက်အခဲမရှိ သွားလာနိုင်ရန် စီမံကိန်းအတွင်းအကျယ် ငါးဧက Bus Terminal၊ လူမှုဖူလုံရေးနေရာ၊ ရေပေးဝေစခန်း၊ အခြေခံပညာရေးကျောင်း၊ ခေတ်မီစည်ပင်သာယာဈေး၊ စီးပွားရေးလုပ်ကိုင်နိုင်သော နေရာများလည်း မကြာမီကာလတွင် ပြီးစီးတော့မှာဖြစ်တယ်လို့လည်းသိရပါတယ်။

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာစီမံကိန်းကို လျှောက်ထားသူများအနက် မဲစနစ်လေးကြိမ်ပြုလုပ်ခဲ့ပြီးယခု ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီတွင် မဲပေါက်သူများကိုလည်း ထပ်မံနေထိုင်ခွင့်များ ပေးသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။