စက်တင်ဘာ(၁၅)ရက်
Myanmar Property Dealer
ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ရာအဆောက်အအုံ ၃၁ လုံး တည်ဆောက်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားချက်အရ သိရပါတယ်။
အဆိုပါအိမ်ရာအဆောက်အအုံများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော်တည်ဆောက်လျက်ရှိတဲ့ လှိုင်သာယာမြို့နယ်ရှိ ကျန်စစ်မင်းအိမ်ရာ အပိုင်း (၂)၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ယုဇနအိမ်ရာစီမံကိန်း အပိုင်း (၃) နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ အင်းဝအိမ်ရာစီမံကိန်းတို့တွင် တည်ဆောက်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။
ယင်းတင်ဒါလုပ်ငန်းများကို စိတ်ဝင်စားတဲ့ မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအနေဖြင့် တင်ဒါလျှောက်လွှာများကို စက်တင်ဘာ ၁၄ ရက်မှ ၁၅ ရက်အထိ အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲ၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတွင် ဝယ်ယူနိုင်မှာဖြစ်ပြီး တင်ဒါလျှောက်လွှာများကို အောက်တိုဘာ ၁ ရက် မွန်းလွဲ ၃ နာရီ နောက်ဆုံးထားပြီးတင်သွင်းရမှာဖြစ်တယ်လို့ သိရပါတယ်။
ဝယ်ယူထားတဲ့ တင်ဒါလျှောက်လွှာများကို အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲ၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရုံးအမှတ် (၄၀)၊ နေပြည်တော်သို့ ပြန်လည်တင်သွင်းရမှာဖြစ်ပြီးတင်ဒါနှင့်ပတ်သက်တဲ့ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ရုံးချိန်အတွင်း ဖုန်းနံပါတ် ၀၆၇-၃၄၀၇၅၂၇ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရပါတယ်။