Home  / News  / News Details

News Details

စီမံကိန်းအသစ်များကြောင့်စျေးထိုးတက်လာတဲ့ပြင်ဦးလွင်အိမ်ခြံမြေ

Jan 5, 2026  /

စီမံကိန်းအသစ်များကြောင့်စျေးထိုးတက်လာတဲ့ပြင်ဦးလွင်အိမ်ခြံမြေ

ဇန်နဝါရီ ( ၅)

Myanmar Property Dealer

စီမံကိန်းအသစ်များအကောင်အထည်ဖော်ဆောင်ရွက်သွားမဲ့သတင်းများကြောင့်ပြင်ဦးလွင်မြို့အနီးဝန်းကျင်ရှိ မြေဈေးများ ထိုးတက်လာတယ်လို့သိရပါတယ်။ 

ပြင်ဦးလွင်မြို့တွင် ဘူတာကြီးအဆင့်မြှင့်တင်မှု၊ မြို့မဈေးအဆင့်မြှင့်တင်မှုနှင့် ရတနာပုံဆိုက်ဘာစီးတီး ပြန်လည်စတင်မဲ့ စီမံကိန်းသတင်းများကြောင့် မြေဈေးများ သိသိသာသာ ထိုးတက်လာတာြဖစ်ပြီးယခင် သိန်း ၆၀၀ ခန့်သာရှိတဲ့ မြေကွက်များမှာ သိန်း ၁,၀၀၀ ဝန်းကျင်အထိ ဈေးခေါ်ယူမှုများ ရှိလာခဲ့တယ်လို့ ဒေသခံအိမ်ခြံမြေအကျိုးဆောင်များထံမှသိရပါတယ်။

 လက်ရှိအရောင်းအ၀ယ်ပြုလုပ်နေကြတဲ့မြေများ စိတ်ချရမှုရှိမရှိနှင့်ပတ်သက်ပြီး စနစ်တကျ စစ်ဆေးဝယ်ယူကြရန် ဝါရင့်အိမ်ခြံမြေအကျိုးဆောင်များနှင့် ရှေ့နေအသိုင်းအ၀န်းကလည်း သတိပေးပြောဆိုနေကြတာပဲဖြစ်ပါတယ်။