Home  / News  / News Details

News Details

မန္တလေးတွင် လုပ်သားရှားပါးမှုကြောင့်ဆောက်လုပ်ရေးလုပ်ငန်းများအခက်တွေ့နေ

Sep 8, 2025  /

မန္တလေးတွင် လုပ်သားရှားပါးမှုကြောင့်ဆောက်လုပ်ရေးလုပ်ငန်းများအခက်တွေ့နေ
စက်တင်ဘာလ (၉)ရက်။
Myanmar Property Dealer
မန္တလေးမြို့ရှိဆောက်လုပ်ရေးလုပ်ငန်းများအနေဖြင့် အလုပ်သမားရှားပါးမှုနှင့်ရင်ဆိုင်နေရခြင်းကြောင့် လုပ်ငန်းနှောင့်နှေးကာ အခက်ကြုံနေရတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူများကပြောပါတယ်။
ငယ်ရွယ်တဲ့ဆောက်လုပ်ရေးလုပ်သားအများအပြားမှာ အခြေအနေအရ လုပ်ငန်းစွန့်ခွာမှုများရှိလာခြင်းကြောင့် လုပ်သားရှားပါးမှုနှင့်ကြုံတွေ့လာရခြင်းလည်းဖြစ်ပါတယ်။
"အဖွဲ့တွေကအကုန်တကွဲတပြားတွေဖြစ်ကုန်တာပေါ့။ ဆိုဒ်တွေကများပြီး အလုပ်သမားကနည်းတော့ လုပ်ငန်းလုပ်ရတာအဆင်မပြေတော့ဘူးလေ။ အရင်လိုနေ့တိုင်းမဆင်းနိုင်တော့ဘူး။ တစ်ပတ်ကို ၂ ရက်၊ ၃ ရက် မျှပြီးဆင်းနေကြရတာ။ တချို့ဆိုဒ်တွေဆိုရပ်ပါထားရတယ်"ဟု အောင်မြေသာစံမြို့နယ်မှဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။
လက်ရှိအချိန်တွင် လူလတ်ပိုင်းနှင့် သက်ကြီးပိုင်းအရွယ်လုပ်သားများကိုသာအားထားလုပ်ကိုင်နေရကာ တမြို့လုံးအတိုင်းအတာအနေဖြင့် နေ့စဥ်လုပ်ငန်းခွင်ဝင်ရောက်လုပ်ကိုင်နေသူစုစုပေါင်း ၃၀၀၀ ဝန်းကျင်သာရှိတယ်လို့လည်းလုပ်ငန်းလုပ်ကိုင်နေသူများထံမှသိရပါတယ်။
ဒါ့အပြင် အလုပ်သမားခများလည်းမြင့်တက်လျက်ရှိပြီး အခြေခံလုပ်သားတစ်ဦး တစ်ရက်လျှင်အနည်းဆုံး လုပ်ခ ငွေကျပ် ၁၅၀၀၀ နှုန်းအထိရှိနေကာ အဆိုပါဈေးနှုန်းမှာ ငလျင်လှုပ်ခတ်မှုမတိုင်မီကထက် ၂ ဆနီးပါးရှိနေ တယ်လို့လည်းသိရပါတယ်