Home  / News  / News Details

News Details

သဘင်ပညာဖြင့်အသက်မွေးဝမ်းကျောင်းပြုနေတဲ့သူတွေအတွက်သဘင်အိမ်ရာနှင့်သဘင်ရွာအကောင်အထည်ဖော်မည်။

Jul 28, 2023  /

သဘင်ပညာဖြင့်အသက်မွေးဝမ်းကျောင်းပြုနေတဲ့သူတွေအတွက်သဘင်အိမ်ရာနှင့်သဘင်ရွာအကောင်အထည်ဖော်မည်။
ဇူလိုင် (၂၈)
Myanmar Property Dealer
သဘင်ပညာဖြင့်အသက်မွေးဝမ်းကျောင်းပြုနေတဲ့ သဘင်ပညာရှင်များနေထိုင်ရေးအဆင်ပြေစေရေးအတွက် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)ကဦးဆောင်ကာ၊သဘင်အိမ်ရာနှင့်သဘင်ရွာကိုရန်ကုန်တိုင်းဒေသကြီး၊ထောက်ကြန့်မြို့နယ်နှင့်မန္တလေးတိုင်းအတွင်းမှာရှိတဲ့ စဉ့်ကိုင်မြို့နယ်တို့မှာအကောင်အထည်ဖော် သွားမှာဖြစ်တယ်လို့သိရပါတယ်။
‘’အဓိကတော့သဘင်အနုပညာသမားတွေကိုထားပေးမှာပါ။အပြင်လူတွေမထားပါဘူး၊သဘင်အစည်းရုံးဝင်တွေ၊သဘင်တည်ထောင်သူတွေ၊သဘင်သက်ကြီးရွယ်အိုတွေ၊နောက်တခါအလုပ်အကိုင်မဲ့သွားတဲ့သဘင်ပညာသယ်တွေသူတို့ကိုအနည်းငယ်ငွေပေးသွင်းရုံနဲ့တိုက်ခန်းပိုင်ဆိုင်နိုင်အောင်စီစဉ်နေတာပါ။သဘောကတော့ ဒီအိမ်ရာမှာနေထိုင်မယ်ဆိုရင် ငွေအနည်းငယ်ပေးသွင်းပြီးကျန်တာကိုဘဏ်တွေနဲ့ချိတ်ဆက်ပြီးလစဉ်အရစ်ကျပေးသွင်းပြီးပိုင်ဆိုင်နိုင်အောင်ဆောင်ရွက်ပေးသွားမှာပါ’’ဟုလည်း မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)အတွင်းရေးမှူးဦးနေဝင်းထံမှသိရပါတယ်။
ကျန်းမာရေးကြောင့်သာမကအကြောင်းအမျိုးမျိုးကြောင့်သဘင်အလုပ်ကနားသွားရတဲ့သဘင်ပညာရှင်တွေ၊လက်ရှိသဘင်လောကမှာလုပ်ကိုင်နေတဲ့သူတွေကနေရေးကကြီးမားတဲ့အခက်အခဲဖြစ်နေတဲ့အတွက်သဘင်အိမ်ရာနှင့်သဘင်ရွာကိုတည်ဆောက်ပေးရခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။
မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)ကဦးဆောင်ပြီးအကောင်အထည်ဖော်တည်ဆောက်မယ့်သဘင်အိမ်ရာကိုတော့ ရန်ကုန်တိုင်း၊ထောက်ကြန့်မြို့နယ်မှာတည်ဆောက်မှာဖြစ်ပြီး၊သဘင်ရွာကိုတော့ မန္တလေးတိုင်းအတွင်းမှာရှိတဲ့စဉ့်ကိုင်မြို့နယ်ထဲကမြေ (၁၀) ဧက ပေါ်မှာအကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။