Home  / News  / News Details

News Details

ဟူအာဟင်းရှိ ဇိမ်ခံဗီလာများ ထိုင်းအမည်ခံများ အသုံးပြု၍ ပိုင်ဆိုင်ထားကြောင်း တွေ့ရှိရ

Aug 14, 2026  /

 

 

ဟူအာဟင်းရှိ ဇိမ်ခံဗီလာများ ထိုင်းအမည်ခံများ အသုံးပြု၍ ပိုင်ဆိုင်ထားကြောင်း တွေ့ရှိရ

ဩဂုတ် (၁၄)


ရဲတပ်ဖွဲ့သည်
ဟူအာဟင်း (Hua Hin) မြို့နယ်ရှိ ဇိမ်ခံ ရေကူးကန်ပါ ဗီလာများအား ဝင်ရောက်စီးနင်းခဲ့ပြီး နိုင်ငံခြားသားများ အမည်ခံကွန်ရက်ဖြင့် ပါဝင်ပတ်သက်မှုကို ပိုက်စိပ်တိုက် နှိမ်နင်းသည့် အဆင့် () လှုပ်ရှားမှုကို စတင်လိုက်ပြီဖြစ်ပါတယ်။

အဆိုပါ လှုပ်ရှားမှုသည် နိုင်ငံခြားသားများအတွက် ထိုင်းအမည်ခံ (Nominee) များကို ရှေ့တန်းတင်ပြီး ဝယ်ယူထားသည်ဟု ယူဆရသော အိမ်ခြံမြေများကို ပစ်မှတ်ထား ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။

ဒုတိယရဲချုပ်လည်းဖြစ်၊ နောက်တက်မည်ဟု လျာထားခြင်းခံရသည့် ရဲချုပ်လည်းဖြစ်သူ ရဲဗိုလ်ချုပ်ကြီး ဆမ်ရန် နွမ်မ (Pol Gen Samran Nualma) သည် ဌာနပေါင်းစုံမှ ရဲတပ်ဖွဲ့ဝင် ၂၀၀ ကျော်ကို ဦးဆောင်ပြီးနေရာ ၁၅ ခုအား တစ်ပြိုင်နက်တည်း ဝင်ရောက်ရှာဖွေခဲ့တာပါ။

 ထပ်တိုင် (Thap Tai) ကျေးရွာအုပ်စုရှိ ဗီလာတစ်လုံးလျှင် ဘတ် ၁၀ သန်းမှ သန်း ၂၀ အထိ ပေါက်ဈေးရှိသော ခေတ်မီ လူနေအိမ်ရာနှင့် ဗီလာ စီမံကိန်းတစ်ခုဖြစ်တဲ့ "A Hua Hin" ကို အဓိကထား ရှာဖွေခဲ့ကြတာဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးချက်များအရ နိုင်ငံခြားသားများအတွက် မြေနှင့် ပိုင်ဆိုင်မှုများကို တရားမဝင် လက်ဝယ်ထားရှိပေးရန် ထိုင်းအမည်ခံများကို အသုံးပြုကာ ကုမ္ပဏီ ခု ထူထောင်ထားကြောင်း တွေ့ရှိရပြီးအဆိုပါ ကုမ္ပဏီ ခုသည် စီမံကိန်း၏ အဆင့် () နှင့် ဆက်စပ်နေပြီး ၎င်းတို့အနက် ခုမှာ အဆင့် () နှင့် ဆက်စပ်နေကြောင်းတွေ့ရှိရပါတယ်။

 ရဲတပ်ဖွဲ့သည် သံသယရှိသူ နိုင်ငံခြားသား ၄၅ ဦးအတွက် ဖမ်းဝရမ်းနှင့် ပါဝင်ပတ်သက်သူ ထိုင်းနိုင်ငံသား ၃၉ ဦးအတွက် ဆင့်ခေါ်လွှာများ ရရှိထားခဲ့ပြီးဝင်ရောက်စီးနင်းစဉ်အတွင်း ယူကေ () ဦး၊ အီတလီ () ဦး၊ တရုတ် () ဦး၊ ပြင်သစ် () ဦး၊ နယ်သာလန် () ဦး၊ ဩစတြီးယား () ဦး၊ ဖိလစ်ပိုင် () ဦးနှင့် အမေရိကန် () ဦး စသည့် နိုင်ငံခြားသား စုစုပေါင်း ၁၃ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

သိမ်းဆည်းရမိတဲ့ အထောက်အထားများတွင် ကုမ္ပဏီမှတ်ပုံတင် စာရွက်စာတမ်းများ၊ စာရင်းကိုင် မှတ်တမ်းများ၊ ကွန်ပျူတာများ၊ လက်ကိုင်ဖုန်းများနှင့် အီလက်ထရွန်နစ် ဒေတာများ ပါဝင်ပြီး အဆိုပါ ပစ္စည်းများကို ဘဏ္ဍာရေး ငွေလွှဲပြောင်းမှု လမ်းကြောင်းများ ရှာဖွေရန်နှင့် ပြည်တွင်း/ပြည်ပရှိ ဆက်စပ်ကွန်ရက်များကို တိုးချဲ့စုံစမ်းစစ်ဆေးရန် စစ်ဆေးသွားမှာဖြစ်တယ်လို့လည်းဖော်ပြထားရှိပါတယ်။

သံသယရှိသူ နိုင်ငံခြားသားများက မိမိတို့သည် အိမ်ခြံမြေဝယ်ယူရန် ဥပဒေအကြံပေး ကုမ္ပဏီများ၏ အကြံပြုချက်အတိုင်း ကုမ္ပဏီ ထူထောင်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ပြုလုပ်ခြင်းကို တရားဝင်သည်ဟု ယူဆခဲ့ကြကြောင်း ထွက်ဆိုထားပြီးထိုင်းအမည်ခံများကလည်း မိမိတို့သည် ကုမ္ပဏီတွင် မည်သည့် ရင်းနှီးမြှုပ်နှံမှုမျှ မပြုလုပ်ဘဲ နိုင်ငံခြားသားများအတွက် အမည်ခံ ရှယ်ယာယူပေးထားရုံမျှသာ ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်ဟု စုံစမ်းစစ်ဆေးသူများထံမှ သိရပါတယ်။

Bangkok post