Home  / News  / News Details

News Details

အင်ဒိုနီးရှားနိုင်ငံ မြို့တော်သစ် နူဆန်တာရာတွင် ရင်းနှီးမြှုပ်နှံမှုများလုပ်ရန် မြန်မာနိုင်ငံမှ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် မြန်မာစီးပွားရေး လုပ်ငန်းရှင်များကို ဖိတ်ခေါ်ထား ။

Jul 28, 2023  /

အင်ဒိုနီးရှားနိုင်ငံ မြို့တော်သစ် နူဆန်တာရာတွင် ရင်းနှီးမြှုပ်နှံမှုများလုပ်ရန် မြန်မာနိုင်ငံမှ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် မြန်မာစီးပွားရေး လုပ်ငန်းရှင်များကို ဖိတ်ခေါ်ထား ။

ဇူလိုင် (၂၈)ရက်။

Myanmar Property Dealer

အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော်သစ်အဖြစ်တည်ဆောက်နေတဲ့ နူဆန်တာရာမှာရင်းနှီးမြုပ်နှံမှုပြုလုပ်ရန်စိတ်ဝင် စားတဲ့ မြန်မာနိုင်ငံမှ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များနဲ့ မြန်မာစီးပွားရေး လုပ်ငန်းရှင်များလာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ထားတယ်လို့ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အသိပေးကြေညာထားရှိတာပါ။

အင်ဒိုနီးရှားနိုင်ငံ အစိုးရအနေဖြင့် လည်းကောင်းတို့ရဲ့မြို့တော်သစ် နူဆန်တာရာ မဟာစီမံကိန်းကြီးကို ၂၀၄၅ ခုနှစ်တွင် ပြီးစီးရန် လျာထားတာဖြစ်ပြီးလက်ရှိမြို့တော် ဂျကာတာကနေ မြို့တော်အသစ်ဖြစ်သော အရှေ့ကာလီမန်တန်ရှိ နူဆန်တာရာမြို့တော်ကို လာမယ့် ၂၀၂၄ ခုနှစ်မှာတရားဝင်ပြောင်းရွှေ့ရန် စီစဉ်နေတာလည်းဖြစ်ပါတယ်။

အဆိုပါ အင်ဒိုနီးရှားနိုင်ငံ မြို့တော်သစ် နူဆန်တာရာတွင်သွားရောက်ရင်းနှီးမြှုပ်နှံလိုတဲ့မြန်မာနိုင်ငံမှစွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် စီမံကိန်းတာဝန်ရှိသူများ ၏ဖုန်းနံပါတ် +62-21 27 09 91 00 နဲ့ ဖော်ပြပါ Email - investasi@ikn.go.id နှင့် secretariat@ikn.go.id တို့မှတဆင့်‌ တိုက်ရိုက်ဆက်သွယ်နိုင်ကြောင်းကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက အသိပေးထားတာဘဲ ဖြစ်ပါတယ်။

လက်ရှိ အင်ဒိုနီးရှားနိင်ငံ ရဲ့မြို့တော် ဂျာကာတာမြို့တော်ဟာ ဂျာဗားကျွန်းကြီးပေါ်တွင် တည်ရှိပြီးအဆိုပါကျွန်းကအင်ဒိုနီးရှားနိုင်ငံထဲမှာလူဦးရေ အများဆုံး ကျွန်းလည်းဖြစ်ပါတယ်။ယခုပြောင်းရွေ့မယ့်မြို့တော်သစ်နူဆန်တာရာက ၂၅၆,၁၄၂ ဟက်တာ ကျယ်ဝန်းတဲ့ ဧရိယာတွင် တည်ဆောက်ရန် လျာထားတာလည်းဖြစ်ပါတယ်။

#Nusantara

#မြန်မာနိုင်ငံမှစွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များ