သုခတော်ဝင်
အိမ်ရာအပိုင်း(၂) ဆက်လက်ဆောက်လုပ်မည်
ဒီဇင်ဘာ (၁၅)ရက်။
Myanmar Property Dealer
နေပြည်တော်ကောင်စီနယ်မြေတွင်
တည်ဆောက်ထားတဲ့ သုခတော်ဝင်
အိမ်ရာကို အပိုင်း(၂)အဖြစ်ဆက်လက်ဆောက်လုပ်သွားမှာဖြစ်တယ်လို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊
အင်ဂျင်နီယာဌာန(အဆောက်အအုံ) မှသိရပါတယ်။
အဆိုပါ
သုခတော်ဝင် အိမ်ရာအပိုင်း(၂) ဆောက်လုပ်ခြင်းလုပ်ငန်းများအတွက် လုပ်ငန်းရှင်များကို တင်ဒါခေါ်ယူလျှက်ရှိပြီး
4U4S(3 Bed)သံကူကွန်ကရစ်
အဆောက်အဦ(၁၂)လုံး၊ (1092 Sqft) အိမ်ခန်း(၁၉၂)ခန်း ဆောက်လုပ်ခြင်းလုပ်ငန်း
Lot(၆)ခုအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူနေတာဖြစ်ပါတယ်။
တင်ဒါပုံစံဝယ်ယူခြင်း
၊တင်သွင်းခြင်းနှင့်ပတ်သက်ပြီးတင်ဒါပုံစံများကို
၂၀၂၅ခုနှစ် ဒီဇင်ဘာ ၈ရက်နေ့က စတင်ထုတ်ပေးခဲ့တာဖြစ်ပြီး ၂၀၂၅ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့နောက်ဆုံးထားကာ လျှောက်လွှာများတင်သွင်းရမှာဖြစ်တယ်လို့သိရပါတယ်။