Home  / News  / News Details

News Details

ဖြိုဖျက်နေသည့် သီရိမင်္ဂလာဈေးဟောင်းနေရာတွင် အဆင့်မြင့်အဆောက်အဦ တည်ဆောက်မည်ဟု သတင်းများထွက်ပေါ်နေ

Dec 14, 2023  /

ဖြိုဖျက်နေသည့် သီရိမင်္ဂလာဈေးဟောင်းနေရာတွင် အဆင့်မြင့်အဆောက်အဦ တည်ဆောက်မည်ဟု သတင်းများထွက်ပေါ်နေ

ဒီဇင်ဘာ (၁၄) ရက်

Myanmar Property Dealer

 ပြီးခဲ့တဲ့ဩဂုတ်လက စတင်ဖြိုဖျက်နေတဲ့ သီရိမင်္ဂလာဈေးဟောင်းနေရာမှာ အဆင့်မြင့်အဆောက်အဦတစ်ခု တည်ဆောက်သွားမယ်လို့ ယခင်ရောင်းဝယ်ရေးလုပ်ကိုင်ခဲ့သူများရဲ့ ပြောပြချက်အရ သိရပါတယ်။ အဆိုပါသီရိမင်္ဂလာဈေးဟောင်းအဆောက်အုံကို အန္တရာယ်ရှိအဆောက်အဦအဖြစ် ၂၀၁၇ခုနှစ် ဩဂုတ်လ ၁၆ရက်နေ့မှာ သတ်မှတ်ခဲ့ပြီးတော့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ကစပြီး လုပ်ငန်းတွေကို သက်တမ်းတိုးခွင့်မပြုဘဲ ပိတ်သိမ်းပယ်ဖျက်ခဲ့တယ်လို့ ဆိုပါတယ်။

 ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင် (၈၁၆’x၂၃၇’) ငါးထပ် RC သီရိမင်္ဂလာဈေးအဆောက်အအုံဟောင်းကို ဖြိုဖျက်ရောင်းချဖို့အတွက် ဆောင်ရွက်လိုသူ လူပုဂ္ဂိုလ်/ အဖွဲ့အစည်း/ ကုမ္ပဏီတွေကို တင်ဒါခေါ်ယူပြီး ဖြိုဖျက်နေတာလည်းဖြစ်ပါတယ်။ သိရီမင်္ဂလာဈေးဟောင်းကို (၁၉၉၉)ခုနှစ်ကဆောက်လုပ်ပြီးစီးခဲ့တာဖြစ်ပြီး အဆောက်အဦပျက်စီးလာမှုတွေကိုစစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် (၂၀၁၇)ခုနှစ်သြဂုတ်လအတွင်းမှာ အန္တရာယ်ရှိအဆောက်အဦအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီသီရိမင်္ဂလာဈေးဟောင်းနေရာမှာ နိုင်ငံတကာအဆင့်မီ အဆောက်အဦ တစ်ခုဆောက်လုပ်ဖို့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဆောင်ရွက်နေတယ်လို့လည်း အနီးပတ်ဝန်းကျင်ကနေထိုင်သူများရဲ့ ပြောပြချက်အရ သိရပါတယ်။

#သီရိမင်္ဂလာဈေးဟောင်း