လေးလအတွင်း
အိမ်ခြံမြေကဏ္ဍ၌ ကန်ဒေါ်လာ ၂၄၈ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထား
ဩဂုတ်
(၃၀)ရက်။
Myanmar
Property Dealer
ယခုနှစ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း အိမ်ခြံမြေကဏ္ဍအတွင်း ကန်ဒေါ်လာ ၂၄၈ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ ထုတ်ပြန်ထားတဲ့ စာရင်းများအရ သိရပါတယ်။
အဆိုပါကာလအတွင်း အိမ်ခြံမြေကဏ္ဍတွင် ကျပ် ၂၄၈ ဘီလီယံကျော်၊
ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကျပ် ၉၃ ဘီလီယံကျော်၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ကျပ် ၂၄
ဘီလီယံ၊ ဝန်ဆောင်မှုကဏ္ဍတွင် ကျပ် ၁၀ ဘီလီယံကျော်၊ ဆောက်လုပ်ရေးကဏ္ဍတွင် ကျပ် ၄ ဘီလီယံခွဲကျော်၊
သတ္တုတူဖော်ရေးလုပ်ငန်းကဏ္ဍတွင် ကျပ်သန်း ၅၀၀ နီးပါး ခွင့်ပြုပေးထားကြောင်း သိရပါတယ်။
မြန်မာနိုင်ငံအတွင်း
နိုင်ငံသားရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုပေးခဲ့ရာတွင် ကုန်ထုတ်လုပ်မှု၊ အိမ်ခြံမြေ၊
ဝန်ဆောင်မှု၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ ဟိုတယ်နှင့်ခရီးသွား၊ ဆောက်လုပ်ရေး၊
လျှပ်စစ်၊ စက်မှုဇုန်ဖော်ဆောင်ရေး၊ မွေးမြူရေးနှင့်ရေလုပ်ငန်း၊ သတ္တုတူးဖော်ရေး၊ စိုက်ပျိုးရေးနှင့်
သဘာဝဓာတ်ငွေ့ စသည့်လုပ်ငန်းကဏ္ဍ ၁၂ ခုတွင် အဓိကခွင့်ပြုပေးနေခြင်းဖြစ်ပြီးအချက်အလက်များအရ
နိုင်ငံသားရင်းနှီးမြှုပ်နှံမှုမှာ အများဆုံးဖြစ်ပြီး ပြည်ပရင်းနှီးမြှုပ်နှံသူနည်းနေသေးကြောင်း
သိရပါတယ်။
၂၀၂၄ ခုနှစ် ဇူလိုင်လကုန်အထိ မြန်မာနိုင်ငံအနေဖြင့် စုစုပေါင်းမြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၂၆,၆၅၅ ဘီလျံကျော်ရှိ လုပ်ငန်းပေါင်း ၂၀၄၈ ခုအထိ ခွင့်ပြုပေးခဲ့ပြီး အဆိုပါ ခွင့်ပြုပေးခဲ့သော လုပ်ငန်းများအနက် ကျပ် ၂၄,၃၉၇ ဘီလျံကျော်ရှိ လုပ်ငန်းပေါင်း ၁၆၅၃ ခုမှာ ဝင်ရောက်လုပ်ကိုင်နေပြီဖြစ်တယ်လို့လည်း DICA မှ ထုတ်ပြန်ထားတဲ့စာရင်းများအရ သိရပါတယ်။