နေပြည်တော်နှင့် မေမြို့ရှိ မြေကွက်များ ဈေးလျှော့ရောင်းချနေ
ဩဂုတ်(၁၂)ရက်
Myanmar Property Dealer
လက်ရှိ နေပြည်တော် ၊မေမြို့ရှိ အိမ်ခြံမြေဈေးကွက်အခြေအနေတွေက မြေကွက်များ ဈေးလျှော့ရောင်းချနေတဲ့အခြေနေဖြစ်နေတယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ကိုင်သူများ၏ ပြောပြချက်အရ သိရပါတယ်။
အဆိုပါ မြို့နှစ်ခုမှာရှိတဲ့ အိမ်ခြံမြေဈေးကွက်တွေက အကျဖက်မှာရှိနေပေမယ့်ရန်ကုန်မှာရှိတဲ့အိမ်ခြံမြေဈေးကွက်တွေက ဖြစ်ထွန်းနေတယ်လို့လည်းသိရပါတယ်။
" နေပြည်တော်မှာဆိုရင် မြေကွက်တွေကိုဈေးလျှော့ရောင်းနေရတယ်။ မေမြို့ဘက်က ဆင်းလာတဲ့သူတွေ နေပြည်တော်မှာ အဝယ်လိုက်မယ်ထင်တာ။ အခုတော့ ရန်ကုန်ကိုပဲအဆင်းများကြတယ်။ ဒီမှာ သိန်း ၁၀၀ တန်မြေကွက်ကို ၆၀ လောက်နဲ့ဈေးလျှော့နေကြတယ်။ ဒီထက်ဈေးပိုကြဖို့ပဲ ရှိတော့တယ်။ အဆင်မပြေဘူး"ဟု နေပြည်တော်ရှိအိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ကိုင်သူတစ်ဦးကပြောပါတယ်။
လက်ရှိ ရန်ကုန်အိမ်ခြံမြေဈေးကွက်ကလည်း အရောင်းထက် အငှားဈေပြီးကွက်ပိုဖြစ်ထွန်းနေပြီးရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးအပါအဝင် အခြားမြို့များမှ စစ်ရှောင်သူအများစုကလည်း ရန်ကုန်မြို့ကိုသာပြောင်းရွေ့လာရောက်ခြင်းများကြောင့် အငှားများနေတယ်လို့လည်းသိရပါတယ်။
" ရန်ကုန်မှာက အဝယ်မရှိသလောက်ပဲ။ မီနီကွန်ဒိုလေးတွေ၊ တိုက်ခန်းတွေပိုအငှားသွက်နေတယ်။ အဝယ်တောင်မှ တချို့ပိုက်ဆံတတ်နိုင်တယ့်သူတွေကပဲ ဝယ်ကြတာများတယ်" ဟု ရန်ကုန်ရှိအိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ကိုင်သူတစ်ဦးကပြောပါတာပါ။ (မိုးရာ)