ထားဝယ်ရေနက်ဆိပ်ကမ်းတွင်ရင်းနှီးမြှပ်နှံရန် ရုရှားအပြင် အခြားနိုင်ငံများကိုလည်း ပါဝင်ရန်ဖိတ်ခေါ် ထား
မတ်လ(၁၀)ရက် ။
Myanmar Property Dealer
တနင်္သာရီတိုင်းဒေသကြီးတွင်
အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ထားဝယ်ရေနက်ဆိပ်ကမ်းတွင်
ရုရှားနိုင်ငံအပြင် အခြားနိုင်ငံများမှလည်း ပါဝင်ရင်းနှီးမြှပ်နှံလို့ရတယ်လို့
နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်
ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။
ရုရှားနိုင်ငံနှင့်
ဘယ်လာရုစ်နိုင်ငံခရီးစဉ်အပြီး
မီဒီယာများကိုဖြေကြားစဉ်
အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
" မြန်မာနိုင်ငံမှာ
အဓိကအရေးပါတဲ့ စီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကြီး သုံးခုရှိတယ်။ ကျောက်ဖြူ၊ သီလဝါ၊ ထားဝယ်ဆိုတဲ့ ရေနက်ဆိပ်ကမ်းတို့ဖြစ် တယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းသည် ရပ်ဆိုင်းနေတာကြာပြီ။ ဒီထားဝယ်ရေနက်ဆိပ်ကမ်းကိုလည်း
ရုရှားနိုင်ငံနဲ့ ဆောင်ရွက်နိုင်ဖို့ MoU လက်မှတ်ရေးထိုးဆောင်ရွက်နိုင်ခဲ့တယ်။
သို့သော် ရုရှားနိုင်ငံနဲ့ အဓိကထားဆောင်ရွက်သော်လည်း ဘယ်နိုင်ငံမဆိုလည်း ဒီနေရာမှာ ပါဝင်လို့ရပါတယ်။ လုပ်ဆောင်နိုင်ဖို့ ဖိတ်ခေါ်တယ်လို့ ကျွန်တော်တို့အနေနဲ့ ပြောချင်ပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောတာပါ။
၁၉၅
စတုရန်းကီလိုမီတာနီးပါး
ကျယ်ဝန်းတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်သည်
မြန်မာနိုင်ငံတောင်ဘက်စွန်း
တနင်္သာရီတိုင်း၊ ထားဝယ်မြို့၏ မြောက်ဘက် ကပ္ပလီပင်လယ်ပြင်နှင့် ထိုင်းပင်လယ်ကွေ့အနီး မဟာဗျူဟာကျတဲ့နေရာတွင် အကောင်အထည်ဖော်မယ့် စီမံကိန်းကြီးဖြစ်ပြီး ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်၊ လျှပ်စစ်စွမ်းအင်နှင့် အခြားစီမံကိန်းများပါဝင်မှာဖြစ်တယ်လို့သိရပါတယ်။