Home  / News  / News Details

News Details

ငလျင်ဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ချေးငွေလျှောက်ထားနိုင်ပြီဟုဗဟိုဘဏ်ထုတ်ပြန်

Oct 21, 2025  /

ငလျင်ဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ချေးငွေလျှောက်ထားနိုင်ပြီဟုဗဟိုဘဏ်ထုတ်ပြန်

အောက်တိုဘာ (၂၁)

Myanmar Property Dealer

 မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ငလျင်ဒဏ်သင့်ဒေသတွေအနေနဲ့ ပြန်လည်ထူထောင်ရေး အတွက် ချေးငွေလျှောက်ထားနိုင်ပြီလို့ ဗဟိုဘဏ်က အောက်တိုဘာ ၁၇ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

 ငလျင်ဒဏ်ခံခဲ့ရတဲ့ နယ်မြေဒေသတွေကိုပြန်လည်ထူထောင်ရန် ရန်ပုံငွေတစ်ရပ်ထားရှိထားပြီး ယင်းရန်ပုံငွေ ကနေ () နှစ်မှ ()နှစ်အထိ သက်တမ်းရှိတဲ့ချေးငွေတွေကို ထုတ်ချေးသွားမယ်လို့ ဆိုပါတယ်။

 ချေးငွေထုတ်ချေးရာတွင်လည်း နေအိမ်နှင့် အဆောက်အဦ ပြန်လည်တည်ဆောက်ရေးချေးငွေအတွက် (အတိုးနှုန်း ရာခိုင်နှုန်း) အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSMEs) လုပ်ငန်းများအတွက် လုပ်ငန်းလည်ပတ်ရင်းနှီးငွေ၊ စက်ပစ္စည်း၊ ရေ၊ မီး၊ ဆိုလာနှင့် ရင်းနှီးမြှုပ်နှံမှုချေးငွေ (အတိုးနှုန်း ရာခိုင်နှုန်း)စက်ရုံလုပ်ငန်းကြီးများ ပြန်လည်ပြုပြင်ရေးနှင့် လည်ပတ်နိုင်ရေးချေးငွေ (အတိုးနှုန်း ရာခိုင်နှုန်း)

နိုင်ငံပိုင်အခြေခံအဆောက်အအုံများ တာဝန်ယူတည်ဆောက်နေသည့် ဆောက်လုပ်ရေး ကုမ္ပဏီများအတွက် ယာယီချေးငွေ (အတိုးနှုန်း ရာခိုင်နှုန်း) သတ်မှတ်ထားတာဖြစ်ပါတယ်။ဒါပေမဲ့ ဘယ်လောက်ပမာဏထုတ်ချေးသွားမယ်ဆိုတာကိုတော့  အသိပေးဖော်ပြထားခြင်းမရှိပါဘူး။

 ငလျင်ချေးငွေကို  AYA Bank PCL uab Bank PCL CB Bank PCL ဧရာဝတီတောင်သူလယ် သမားများဖွံ့ဖြိုးရေးဘဏ်၊ ရိုးမဘဏ်၊ ဆောက်လုပ်ရေးအိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုး ရေးဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်၊ မြဝတီဘဏ်၊ အင်းဝဘဏ်၊ Best  Merchant Finance Co., Ltd နှင့် Zega Finance Co., Ltd တို့ကနေ ထုတ်ချေးပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

 ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)အပါအဝင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းဒေသများမှ ဝန်ထမ်း များအပါအဝင် လူနေအိမ်များ၊ စက်ရုံအလုပ်ရုံများနှင့် စီးပွားရေးလုပ်ငန်းများ ထိခိုက် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။