Home  / News  / News Details

News Details

မန်းရွှေစက်တော်ဘုရားပွဲတွင်တည်းခိုဆောင်အခန်းပေါင်း ၅၀၀ ကျော်နှင့် ဈေးဆိုင်ခန်းပေါင်း ၇၀၀ ကျော်ကို ဆောက်လုပ်နေ

Jan 19, 2026  /

 

မန်းရွှေစက်တော်ဘုရားပွဲတွင်တည်းခိုဆောင်အခန်းပေါင်း ၅၀၀ ကျော်နှင့် ဈေးဆိုင်ခန်းပေါင်း ၇၀၀ ကျော်ကို ဆောက်လုပ်နေ

ဇန်နဝါရီ (၁၉)ရက်။

Myanmar Property Dealer

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်မှာရှိတဲ့  မန်းရွှေစက်တော်တွင် တည်းခိုဆောင်အခန်းပေါင်း ၅၁၉ ခန်းနှင့် ဈေးဆိုင်ခန်းပေါင်း ၇၇၉ ခန်းကို ဆောက်လုပ်နေပြီဖြစ်တယ်လို့ မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပရေး ဦးစီးကော်မတီထံမှ သိရပါတယ်။

 မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပစဉ်ကာလ ဘုရားဖူးလာရောက်ကြသူများ တည်းခိုနားနေနိုင်ရန် မန်းချောင်းသောင်ပြင်အတွင်းမှာ တည်းခိုဆောင်နှင့် ဈေးဆိုင်ခန်းများ စတင်ဆောက်လုပ်နေပြီလည်းဖြစ်ပါတယ်။

တည်းခိုဆောင်ငှားရမ်းခနှုန်းထားများမှာ တစ်ရက်လျှင် အထူးခန်း(VIP) တည်းခိုဆောင် (ရေချိုးခန်းနှင့် Toilet အပါ) ရေစပ်(ကမ်းစပ်) တစ်ခန်းကို ငွေ ၁၁၀၀၀၀ ကျပ်နှုန်း၊ ရိုးရိုးတည်းခိုဆောင် ရေစပ်(ကမ်းစပ်)တစ်ခန်းကို ငွေကျပ် ၈၀၀၀၀၊ ၆၀၀၀၀ ကျပ်နှုန်းနဲ့ ရိုးရိုးတည်းခိုဆောင် ရေစပ်(ကမ်းစပ်)တစ်ခန်းကို ငွေကျပ် ၆၀၀၀၀၊ ကုန်းပေါ်တစ်ခန်းကို ငွေကျပ် ၄၀၀၀၀ နှုန်း ညှိနှိုင်းသတ်မှတ်ပေးထားတယ်လို့လည်းသိရပါတယ်။

မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို ၂၀၂၆ ခုနှစ်၊ လာမယ့် ဇန်နဝါရီလ ၂၂ ရက်မှ ဧပြီလ ၁၇ ရက်နေ့အထိ (တပို့တွဲလဆန်း ရက်နေ့မှ မြန်မာနှစ်ဆန်း ရက်နေ့ထိ)ရက်ပေါင်း (၈၆)ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။