ရန်ကုန်
Smart City စီမံကိန်း
တိုးတက်မှုအဆင့်များကို
Star Rating System ဖြင့်
ပြည်သူထံ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရန် အဆို တင်သွင်း
ဇွန်လ
(၁၆)
Myanmar
Property Dealer
ရန်ကုန်မြို့အား
Smart City စီမံကိန်းအဖြစ်
အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်
ကဏ္ဍအလိုက် တိုးတက်မှုအဆင့် (Star
Rating System) စနစ်သတ်မှတ်ပြီး
ပြည်သူလူထုထံ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးနိုင်ရေးအတွက် တိုက်တွန်းတဲ့အဆိုကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင်
ဇွန် ၁၅ ရက်က တင်သွင်းခဲ့ကြောင်း
သိရပါတယ်။
အဆိုကို
ဗဟန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
အမှတ်(၂) ဒေါ်ခိုင်ဆုရည်ဇော်က တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်
ဒုတိယပုံမှန်အစည်းအဝေးတွင်
တင်သွင်းခဲ့ခြင်းဖြစ်ပြီး
လှိုင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
အမှတ်(၂) ဦးကျော်စံက ထောက်ခံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
ဒေါ်ခိုင်ဆုရည်ဇော်က
“ပြည်သူလူထုအနေဖြင့် မိမိတို့မဲဆန္ဒနယ်အတွင်း စမတ်စီးတီးလုပ်ငန်းစဉ်များကို
စဉ်ဆက်မပြတ် စောင့်ကြည့်ခွင့်ရရှိကာ ပွင့်လင်းမြင်သာပြီး တာဝန်ခံမှုရှိသော အစိုးရစနစ်ကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်”
ဟု လွှတ်တော်တွင် ပြောကြားခဲ့ပါတယ်။
ဒါ့အပြင်
ရန်ကုန်တိုင်းဒေသကြီး
စမတ်စီးတီးစီမံကိန်းကို
Smart Mobility၊
Smart Government၊
Smart Environment နှင့်
Smart Economy စတဲ့ကဏ္ဍများအလိုက်
တိုးတက်မှုအခြေအနေများကို
Star Rating System ဖြင့်
သတ်မှတ်ကာ Public
Dashboard မှတစ်ဆင့် ပြည်သူထံ ပုံမှန်ထုတ်ပြန်ပေးနိုင်ရေးအတွက်
တိုင်းဒေသကြီးအစိုးရအဖွဲ့မှ
အလေးထားဆောင်ရွက်ပေးရန်
တိုက်တွန်းခဲ့တယ်လို့လည်းသိရပါတယ်။
အဆိုတင်သွင်းရာတွင်
Star Rating System နှင့်ပတ်သက်ပြီး
ကြယ်ငါးလုံးကို စံပြအဆင့်၊ ကြယ်လေးလုံးကို ကောင်းမွန်အဆင့်၊ ကြယ်သုံးလုံးကို အလယ်အလတ်အဆင့်၊ ကြယ်နှစ်လုံးကို လိုအပ်ချက်ရှိတဲ့အဆင့်နှင့်
ကြယ်တစ်လုံးကို စိုးရိမ်ရအဆင့်အဖြစ် သတ်မှတ်ထားကြောင်း ရှင်းလင်းပြောကြားခဲ့တယ်လို့လည်းသိရပါတယ်။
“ဒီစနစ်ဟာ
ပြည်သူတွေရဲ့အသံကို နားထောင်ပြီး လိုအပ်ချက်ရှိနေတဲ့ ကဏ္ဍတွေကို အလွယ်တကူသိနိုင်တဲ့ အကဲဖြတ်စနစ်ဖြစ်ပါတယ်” ဟုလည်း ဒေါ်ခိုင်ဆုရည်ဇော်က ဆက်လက်ပြောကြားခဲ့သည်။ ယင်းအဆိုအား လက်ခံဆွေးနွေးရန် သင့်/မသင့်ကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ
ဦးဌေးအောင်က လွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များက
သဘောတူညီခဲ့သဖြင့် အဆိုကို လက်ခံဆွေးနွေးရန် ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။
အဆိုနှင့်ပတ်သက်ပြီး
ဆွေးနွေးလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်
အမည်စာရင်းတင်သွင်းနိုင်ကြောင်း
ကြေညာထားပြီး ဇွန် ၁၉ ရက်တွင် ဆက်လက်ဆွေးနွေးသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။