ဒလအိမ်၊ခြံ၊မြေ
ဈေးဆက်တိုက်မြင့်တက်လာ
ဧပြီလ(၆)ရက်။
Myanmar
Property Dealer
၇၀
ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်တဲ့
ဒလတံတားစီမံကိန်းကြောင့်
ဒလအိမ်ခြံမြေဈေးတွေကလည်း ဆက်တိုက်
မြင့်တက်လာနေတယ် လို့အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ကိုင်သူများရဲ့ပြောပြချက်အရ
သိရပါတယ်။
ဒလမြို့နယ်ရဲ့
အိမ်ခြံမြေဈေးကွက်ထဲမှာ
ဝယ်ယူမှုများပြားလာပြီး
ဈေးနှုန်းများကလည်း အဆမတန် မြင့်တက်လျက်ရှိနေပါတယ်။ဒီလိုဖြစ်ရတဲ့အကြောင်းရင်းတွေထဲမှာဒလတံတားစီမံကိန်းပြီးစီးနှုန်းမြန်ဆန်နေတဲ့
အခြေအနေတွေကြောင့်ဖြစ်ပြီး
လက်ရှိမှာမြေကွက်များ
အဝယ်လိုက်လာနေပြီး တစ်လထက်တစ်လ ဈေးနှုန်းမြင့်တက်နေတာဖြစ်ပါတယ်။
ယခင်က
သိန်း ၈၀၀ ရှိနေတဲ့ မြေကွက်က
လက်ရှိမှာ သိန်း
၁၅၀၀ အထိဈေးနှုန်းမြင့်တက်နေတာကိုတွေ့ရပြီး
ဒီအပြင်
ဒလမြို့နယ်အဓိက အချက်အချာကျတဲ့နေရာအပြင်
ဒလတံတား အဆင်းတွင် တည်ရှိနေတဲ့ တပင်ရွှေထီး ရပ်ကွက်နဲ့ ကျန်စစ်သား ရပ်ကွက်များမှာအရောင်းအဝယ် ပိုဖြစ်နေတယ်လို့သိရပါတယ်။
၂၀၂၄ ခုနှစ် နှစ်ကုန် ပိုင်း တွင် ဒလတံတားအပြီးတည်ဆောက်မှာဖြစ်တယ်လို့သတင်းများထွက်ပေါ်မှာလာပြီးနောက် ယခုနှစ် နှစ်အစပိုင်းမှ စတင်ပြီး အိမ်ခြံမြေ အရောင်းအဝယ် မြင့်တက်လာနေတာဖြစ်ပါတယ်။