Home  / News  / News Details

News Details

ဆုံးရှုံးမှုအများဆုံး LA တောမီးနှင့်အနာဂတ်

Feb 1, 2025  /

ဆုံးရှုံးမှုအများဆုံး LA တောမီးနှင့်အနာဂတ်


ဖေဖော်ဝါရီ ( ၁ )ရက်။

Myanmar Property Dealer

 

 

မကြာသေးခင်က California ပြည်နယ် Los Angeles မြို့မှာတောမီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးသွားတဲ့တန်ဖိုးက ခုဆို $၂၅၀ billion ကနေ $၂၇၅ billion အထိရှိနေပြီလို့ခန့်မှန်းကြပါတယ်။ ဒါဟာအမေရိကသမိုင်းမှာ တန်ဖိုးအကြီးမားဆုံး ဆုံးရှုံးခြင်းပါ။ အရင်က ၂၀၀၅ မှာဖြစ်ခဲ့တဲ့ Hurricane Katrina ဟာ တန်ဖိုးအားဖြင့် $ ၂၀၁.၃ billion ရှိခဲ့ပြီး အမေရိကရဲ့ ဆုံးရှုံးမှုအများဆုံး သဘာဝဘေးအန္တရာယ် အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ အခုဆိုရင်တော့LA တောမီးရဲ့ ဆုံးရှုံးမှုတန်ဖိုးက Hurricane Katrina ကိုကျော်သွားပြီ။

လူပေါင်းများစွာရဲ့ အိမ်တွေလောင်ကျွမ်းသွားခဲ့ပါတယ်။ အိမ်ဆိုတဲ့အရာဟာ မိုးရေမထိအောင်ကာကွယ်ပေးရုံ၊ နေပူချိန်အရိပ်ပေးရုံပဲမဟုတ်ပါဘူး။ House မဟုတ်တဲ့ Home ဆိုတာ အချစ်တွေ၊ နွေးထွေးမှုတွေ၊ ကြင်နာမှုတွေ၊ သံယောဇဉ်တွေ၊ အမှတ်တရတွေ၊ ပုံရိပ်တွေ အများကြီးနဲ့ဖန်းတီးတည်ဆောက်ထားတဲ့ အရာတစ်ခုပါ။ ဒါကြောင့်အိမ်ဆိုတာ စိတ်ခံစားမှုတွေအများကြီး နဲ့ပြည့်နှက်နေတက်ပါတယ်။ တောမီးထဲပါသွားတဲ့ အိမ်ပိုင်ရှင်တစ်ယောက်အနေနဲ့ဘယ်လောက်ထိ စိတ်သောကရောက်လိုက်မလဲ တွေးတောင်မတွေးရက်ပါဘူး။

ဒီထက်ရင်လေးစရာကောင်းတာက သူတို့အနာဂတ်။ ပြသနာက California မှာသဘာဝဘေးအန္တရာယ်များတဲ့အတွက် အရင်နှစ်တွေကတည်းက insurance ကုမ္ပဏီတွေ တချို့နေရာမှာ လုံးဝ အိမ်အာမခံမပေးတော့ပါဘူးတဲ့။ တချို့ insurance တွေဆို ဒီတောမီးမလောင်ခင် လပိုင်းလေးမှာပဲ ဘာညာအသိမပေးပဲ insurance policy တွေ cancel လုပ်ပစ်တာ။ တချို့ကကျတော့လည်း renew ပြန်မလုပ်ပေးတော့ဘူး။ Insurance ကုမ္ပဏီကြီးတွေဖြစ်တဲ့ State Farm, Nationwide, Farmers Insurance, Allstate, USAA, The Hartford စတဲ့ ကုမ္ပဏီတွေတောင် risk များတဲ့ နေရာက အိမ်တွေကို အာမခံမပေးနိုင်တော့တာက ခုမှထဖြစ်တာမဟုတ်ဘူး။ တချို့အိမ်တွေကျတော့ လုံးလုံး insurance ယူလို့မရတော့တဲ့အတွက် ပြည်နယ်အစိုးရက Fair Access to Insurance Requirements (FAIR) လို့ခေါ်တဲ့ အာမခံကို စီစဉ်ပေးထားရပါတယ်။

မီးလောင်မယ်ဆိုတာကလည်း ကြိုသိထားကြတယ်။ Risk ကအရင်ကတည်းကရှိပြီးသားပါ။ ကြာပြီ။ 1960 ကတည်းကပြောရမယ်။ ရွေးကောက်ပွဲမတိုင်ခင် ရက်ပိုင်းအလိုတုန်းကတောင် Joe Rogan Podcast မှာ ထရမ့်ကပြောသွားတာ မှတ်မိသေးတယ်။ ထားလိုက်ပါတော့ နိုင်ငံရေးဘက်ကိုမသွားချင်ဘူး။ Insurance ကုမ္ပဏီတွေ အာမခံမပေးလို့အစိုးရစီစဉ်ပေးတဲ့ FAIR ကို ယူမယ်ဆိုပြန်တော့လည်း တချို့အိမ်ပိုင်ရှင်တွေဆို insurance နှစ်စဉ်ပေးရမဲ့ premium က သောင်းခွဲကနေ သောင်းခွဲအထိတောင်ရှိတယ်လို့ပြောကြတယ်။ ဒါကြောင့် insurance မရှိတဲ့အိမ်တွေ သိန်းချီရှိတယ်လို့လည်းပြောပါတယ်။ အဲဒီထဲမှာနာမည်ကြီး celebrity တွေအပါအဝင်ပါပဲ။ သူတို့က ချမ်းသာတော့ insurance မရှိလည်းပြသနာမရှိဘူး။ အသစ်ပြန်ဆောက်လို့ရတယ်။

အဆိုးဆုံး ခံရမှာကသာမန်ပြည်သူ အိမ်ပိုင်ရှင်တွေ။ Insurance မရှိတဲ့သူတွေကသွားပြီ။ ရှိခဲ့တယ်ထားအုံး insurance လျော်ကြေးပေးဖို့ ဘယ်လောက်ကြာကြာစောင့်ရမလဲမသိဘူး။ လျော်ကြေးပေးလို့ ပြန်ဆောက်မယ်ဆိုရင်တောင် ခဏခဏကြားရတာက California ပြည်နယ်မှာ အိမ်ဆောက်ဖို့ permit တင်ရင် ၈လကနေ နှစ်ခွဲအထိကြာတယ်ပြောကြတယ် (ကျနော်ကိုယ်တိုင်မနေဖူးတော့ ဟုတ်မဟုတ် အတိအကျမသိဘူး) ထားလိုက်ပါတော့ အကြောင်းကြောင်းကြောင့် permit ချက်ချင်းရလို့ insurance ကပေးတဲ့ငွေနဲ့ အိမ်ပြန်ဆောက်ခဲ့မယ်ဆိုရင်တောင် ကြားကာလမှာ နေဖို့ နေရာထိုင်ခင်း insurance ကုမ္ပဏီတွေက အကုန် cover ဖြစ်မယ်မထင်။ လုပ်ပေးတယ်ဆိုအုံး နောက်ဆုံးအိမ်ဆောက်ပြီးသွားရင် insurance ကုမ္ပဏီတွေက အာမခံပေးပါ့မလားဆိုတာ မေးခွန်းထုတ်စရာရှိတယ်။ အာမခံပေးနိုင်တဲ့ ကုမ္ပဏီပေါ်လာလို့ အာမခံပေးခဲ့သော် insurance ဈေးဘယ်လောက်တောင် ဈေးတက်သွားမလဲ ကြိုတင်ခန့်မှန်းကြည့်လို့ရတယ်။

ဒါကြောင့်ကျနော့်ရဲ့အမြင် နဲ့သုံးသပ်ချက်ကတော့ သာမန်အိမ်ပိုင်ရှင်တွေက တခြားပြည်နယ်ကိုပဲ ပြောင်းလာကြလိမ့်မယ်လို့မြင်တယ်။ အဲဒီလမ်းကြောင်းဟာ သူတို့အတွက် အလွယ်ကူဆုံးနဲ့ အကောင်းဆုံးလမ်းကြောင်းအဖြစ်ရွေးချယ်ကြမယ်လို့မြင်တယ်။ California ပြည်နယ်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက နှစ်စဉ် စွန်းခွာတဲ့သူ (သိန်းချီ) အများဆုံးပြည်နယ်ပါ။ ကြည့်ရတာ အစုလိုက်အပြုံလိုက် ဆက်ပြီး စွန့်ခွာသွားကြအုံးမယ်လို့မြင်မိပါတော့တယ်။

အာလုံးအဆင်ပြေကြပါစေ

I live to unlock your dream home

Peter Lin — Global Realtor (CIPS)

Houston, Texas — USA

ΓEA⅃ Brokerage LLC

Cell: 346- 582-2906