Home  / News  / News Details

News Details

သိမ်ကြီးဈေး (စီ)ရုံ ဒုတိယထပ်ရှိ အခန်းလွတ်(၆)ခန်းအတွက် အငှားတင်ဒါလျောက်လွှာများ ခေါ်ယူ ။

Jan 20, 2023  /

သိမ်ကြီးဈေး (စီ)ရုံ ဒုတိယထပ်ရှိ အခန်းလွတ်(၆)ခန်းအတွက် အငှားတင်ဒါလျောက်လွှာများ ခေါ်ယူ ။
ဇန်နဝါရီလ ( ၂၀ )ရက်။
Myanmar Property Dealer
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးများနှင့်ကုန်စည်ပွဲရုံများ ဌာန ကွပ်ကဲမှုအောက်ရှိ လသာမြို့နယ် သိမ်ကြီးဈေး (စီ)ရုံ ဒုတိယထပ် ဆိုင်အမှတ် ၆၊ ၇၊ ၁၅၊၁၆၊၁၇၊၁၈ တို့အား တင်ဒါစနစ်နဲ့ ငှားရမ်းမယ်လို သိရပြီး တင်ဒါပုံစံရောင်းချမယ့် ရက်မှာ ၁၈-၁-၂၀၂၃ မှ ၂-၂-၂၀၂၃ရက်နေ့အထိ ဖြစ်ပြီး တင်ဒါတင်သွင်းရမည့် နောက်ဆုံးရက်မှာ ၃-၂-၂၀၂၃ (သောကြာနေ့ ၃း၀၀နာရီ) ဖြစ်တယ်လို သိရှိရပါတယ်။
အဆိုပါ တင်ဒါပုံစံ ရောင်းချမည့်နေရာက မြို့တော်ခန်းမ (ဒုတိယထပ်)၊ ဈေးများနှင့် ကုန်စည်ပွဲရုံများဌာနမှာ ဖြစ်ပြီးတင်ဒါ တင်သွင်းရမယ့် နေရာဟာဆိုရင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှာ ဖြစ်တယ်လို့ တင်ဒါလက်ခံရေး နှင့် စီစစ်ရေးကော်မတီက ကြော်ငြာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။