Home  / News  / News Details

News Details

စင်္ကာပူနိုင်ငံမှာ ငွေထုတ်ပိုက်ပြီးအိမ်ဝယ်ရင်တောင်လွယ်လွယ်နှင့်ဝယ်ယူမရဟုသိရ။

Feb 2, 2024  /

စင်္ကာပူနိုင်ငံမှာ ငွေထုတ်ပိုက်ပြီးအိမ်ဝယ်ရင်တောင်လွယ်လွယ်နှင့်ဝယ်ယူမရဟုသိရ။

ဖေဖော်ဝါရီ (၂)ရက်။

Myanmar  Property Dealer

စင်္ကာပူနိုင်ငံမှာ ရှိတဲ့ အိမ်ခြံမြေ Real Estate မှာ ရင်းနှီးမြှပ်နှံချင်လို့ဘဲဖြစ်ဖြစ်၊နေထိုင်ချင်လို့ဘဲဖြစ်ဖြစ်ဝယ်ယူမယ့်သူတွေအနေနဲ့လက်ထဲမှာငွေကြေးအလုံအလောက်ရှိနေရင်တောင်ဝယ်ယူဖို့ခက်ခဲနေတဲ့အတွက်ကြောင့် စင်္ကာပူအိမ်ခြံမြေ ဈေးကွက်ကကျဆင်းနေတယ်လို့  စင်္ကာပူအိမ်ခြံမြေအသိုင်းအဝိုင်းက နေသိရပါတယ်။

‘’အရင်က စင်္ကာပူမှာ နိုင်ငံခြားသားတွေအနေနဲ့ အိမ်ခြံမြေဝယ်ယူရင်းနှီးမြှပ်နှံချင်တဲ့သူတွေကို ကျွန်တော်ပြောလေ့ရှိတယ်။ခင်ဗျား ၁၀၀ တန် အိမ်ဝယ်ချင်တယ်ဆိုရင် လက်ထဲမှာ ၂၀လောက်သာပါအောင်ယူလာခဲ့ကျွန်တော်အိမ်ဝယ်ပေးမယ်။ အခုတော့မဟုတ်တော့ဘူး၊ခင်ဗျားငွေထုတ်ကြီးပိုက်ပြီးအိမ်ဝယ်တော့မယ်ဆိုရင် ခင်ဗျားကို ရှေ့နေကအရင်မေးမယ်။ခင်ဗျားဒီငွေတွေကိုဘယ်ကရတာလဲ။ခင်ဗျားဝင်ငွေဘယ်လောက်ရှိလဲ။ခင်ဗျားဘယ်လိုဝယ်နိုင်ရတာလဲ။အဆင့်ဆင့်စစ်ဆေးမေးမြန်းတာတွေရှိတယ်။အခွန်တွေကလည်းအရမ်းများပြီးကောက်တာတွေရှိနေတော့ စင်္ကာပူအိမ်ခြံမြေဈေးကွက်ကဝယ်သူနည်းသွားပြီးကျဆင်းသွားတယ်’’ဟုလည်း စင်္ကာပူရှိအိမ်ခြံမြေအကျိုး ဆောင်တစ်ဦးကပြောပါတယ်။

လက်ရှိတွင်လည်း စင်္ကာပူနိုင်ငံမှာအိမ်ခြံမြေဝယ်ယူတဲ့အခါ အခွန်ကောက်ခံမှုနှုန်းထားများကလည်းခွဲခြားထားပြီးနိုင်ငံခြားသားများအနေနဲ့ ဝယ်ယူတဲ့ အခါ ဝယ်ယူမယ့်အိမ်တန်ဖိုး သန်းခွဲမှ သန်းအထိကို ၆၅% Singapore PR ရရှိထားသူများအနေနဲ့ ပထမဆုံး ဝယ်ယူတဲ့အခါ အိမ်တန်ဖိုး သန်းခွဲမှ သန်းအတွက် ၁၀% နှင့်စင်္ကာပူနိုင်ငံသားဖြစ်ပါက ပထမဆုံး ဝယ်ယူတဲ့အခါ ဝယ်ယူမယ့် အိမ်တန်ဖိုး သန်းခွဲမှ သန်းအတွက် %ကို စင်္ကာပူနိုင်ငံအစိုးရထံ ဝယ်ခွန်ပေးဆောင်ရတယ်လို့လည်းသိရပါတယ်။