Home  / News  / News Details

News Details

လူလွတ်အများစုကိုယ်ပိုင်အိမ်နဲ့တသီးတသန့်နေလိုမှု ၈၀ရာခိုင်နူန်းအထိမြင့်တက်လာတဲ့ စင်ကာပူနိုင်ငံ

Dec 5, 2025  /

လူလွတ်အများစုကိုယ်ပိုင်အိမ်နဲ့တသီးတသန့်နေလိုမှု ၈၀ရာခိုင်နူန်းအထိမြင့်တက်လာတဲ့ စင်ကာပူနိုင်ငံ

 

စင်ကာပူနိုင်ငံမှာအသက် ၃၅ နှစ်အောက်လူလွတ်အများစုဟာမိဘအိမ်မှခွဲထွက်ကာ မိမိကိုယ်ပိုင်နေအိမ်နဲ့နေချင်သူများပြားလာတာဘဲဖြစ်ပါတယ်။

နိုင်ငံရဲ့နောက်ဆုံးရစစ်တမ်းများအရ အသက် ၃၅ နှစ်အောက် လူလွတ်တွေဟာ ၈၂% အထိ ရှိပြီး သူတိုထဲက ၈၀% ဟာ အိမ်ထောင်ပြုမပြု မသေချာဖူးလိုသိရပါတယ်။

 ဒါပေမယ့် စစ်တမ်းရဲ့ ၇၂.% က တသီးတသန့်နေချင်ကြပြီး အိမ်ငှါးနေရတာထက် ကိုယ်ပိုင်အိမ်သာ ဝယ်ဖိုဆန္ဒရှိကြတာဘဲဖြစ်ပါတယ်။ အချို့သော ၄၆% ဝန်းကျင်ကတော့တဆင့် ပြန်လည်ရောင်းချတဲ့အိမ်များထက်အိမ်အသစ်များတွင်သာနေထိုင်ရန်ဆန္ဒရှိကြတာြဖစ်ပြီး ပတ်ဝန်းကျင်အသစ်တခုမှာသင့်လျော်တဲ့စျေးနှုန်းနဲ့ဝယ်ယူနေထိုင်လိုကြတယ်လို Housing and Development Board (HDB) ရဲ့သုတေတနပြုချက်များအရသိရပါတယ်။  

စင်ကာပူအစိုးရဟာ သီးခြားနေထိုင်လိုတဲ့နိုင်ငံသားများရဲ့လိုအပ်ချက်ကိုဖြည့်စည်းရန် ခန်းပါတိုက်ခန်းတွေကို ၂၀၂၄မှ ၂၀၂၅ အထိအခန်းရေ ၁၁၀၀၀ ထုတ်ရောင်းပေးပြီး မကြာခင် ၁၄၀၀၀ ထပ်ရောင်းပေးဖို လျာထားတာဘဲဖြစ်ပါတယ်။

 လူလွတ်တွေအနေနဲ့အိမ်အသစ်ဝယ်ရာတွင် မိဘအိမ်နဲ့နီးနီးဝယ်ရင်အစိုးရကစျေးလျော့ရောင်းပေးမှာဖြစ်ပြီး သားသမီးတွေအနေနဲ့ အိုမင်းလာတဲ့မိဘတွေကို ပစ်မထားကြဘဲ နီးနီးကပ်ကပ် စောင့်ရှောက်စေချင်လို ဆိုတဲ့ ရည်ရွယ်ချက်လည်းဖြစ်ပါတယ်။