စစ်ဘေးရှောင်များ
ရန်ကုန်သို့အဆင်းများ၍
အိမ်၊ခြံ၊မြေများ
လိုက်ဝယ်နေသည်ဟုဆိုကာ
ပွဲစားအချို့ လုပ်ဆောင်မှုများရှိနေ
ဩဂုတ်
(၂၃)ရက်။
Myanmar
Property Dealer
ရှမ်းပြည်နယ်(မြောက်ပိုင်း) အပါအဝင် အခြားဒေသများမှ စစ်ဘေးရှောင်များ ရန်ကုန်သို့အဆင်းများလာပြီး
အိမ်၊ခြံ၊မြေများ လိုက်ဝယ်နေတယ်ဟု သတင်းများထွက်ပေါ်နေပြီး ပွဲစားအချို့မှလည်း အိမ်ခြံမြေဈေးကွက်လှုပ်ခတ်အောင်
လုပ်ဆောင်မှုများရှိနေတယ်လို့
အိမ်ခြံမြေအကျိုးတော်ဆောင် လုပ်ကိုင်သူများ၏ ပြောပြချက်အရ သိရပါတယ်။
ယခုလက်ရှိ
လူမှုကွန်ရက်စာမျက်နှာပေါ်တွင်
မြောက်ဒဂုံမြို့နယ်အတွင်း
အမြန်ဝယ်လိုသည့် ဝယ်လက်များရှိသည်ဟုဆိုကာ အိမ်ခြံမြေအကျိုးဆောင်များက
ကြော်ငြာလာမှုများရှိသလို
နိုင်ငံပိုင်သတင်းစာမှတစ်ဆင့်လည်း
ယင်းကဲ့သို့ ကြော်ငြာများကို မကြာခဏကြောငြာလာတာကို တွေ့ရှိနေရတာပါ။
ဒါ့အပြင်
စစ်ဘေးရှောင်များကို အကြောင်းပြုပြီး မြို့နယ်အချို့မှလည်း အိမ်ခြံမြေ အရောင်းဈေးများကိုသုံးဆခန့်မြှင့်တင်ပြီး
အိမ်အရောင်းခေါ်ထားမှုများရှိနေတယ်လို့လည်း
စုံစမ်းသိရှိရပါတယ်။
" အိမ်ခြံမြေဈေးကွက်က
ဘယ်လောက်ထိလှုပ်ခတ်လဲဆိုရင်
၁၀ ပေ အိမ်တောင် ၆၀၀၀ လောက်ခေါ်တဲ့သူရှိတယ်။ ပေ ၂၀ ဆိုရင်
၁၀၀၀၀ ခေါ်ကြတာတွေ့ရတယ်။ ဒီဈေးတွေဆိုတာ တစ်ခါမှမကြားဖူးတဲ့ဈေးတွေ။ ပွဲစားတွေကလည်း ဒီလိုဖြစ်အောင်လုပ်ထားတာ။ မကြာခင်ဈေးကွက်က ပြန်ငြိမ်သွားမှာပါ"ဟု ဝါရင့် အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ကိုင်သူတစ်ဦးကပြောပါတယ်။
သင်္ကြန်ကာလမတိုင်ခင်အထိ
အရောင်းအဝယ်အေးနေတဲ့အိမ်ခြံမြေဈေးကွက်ကလည်း
ဇူလိုင်လမှစတင်ကာ အရောင်းအဝယ်သွက်လာသလို အငှားဈေးကွက်ပိုဖြစ်လာတယ်လို့လည်းသိရပါတယ်။