Home  / News  / News Details

News Details

ကမ္ဘာ့အိမ်ခြံမြေအဖွဲ့ချုပ်(FIABCI)၊အာရှပစိဖိတ်အိမ်ခြံ‌မြေကွန်‌ဗန်ရှင်း(FIABCI – Thai) အိမ်ခြံမြေ ဆုပေးပွဲသို့ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(MRESA)မှအသင်းဝင် (၁၀၈) ဦးတက်ရောက်

Oct 13, 2023  /

ကမ္ဘာ့အိမ်ခြံမြေအဖွဲ့ချုပ်(FIABCI)၊အာရှပစိဖိတ်အိမ်ခြံ‌မြေကွန်‌ဗန်ရှင်း(FIABCI – Thai) အိမ်ခြံမြေ ဆုပေးပွဲသို့ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(MRESA)မှအသင်းဝင် (၁၀၈) ဦးတက်ရောက်

Myanmar Property Dealer
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့THE BERKELKYHOTEL.PRATUNAM မှာ အောက်တိုဘာ(၅)ရက် ၊ (၆)ရက်နေ့များတွင်ကျင်းပပြုလုပ်ခဲ့တဲ့ကမ္ဘ့ာအိမ်ခြံမြေအဖွဲ့ချုပ်၏အာရှပစိဖိတ်အိမ်ခြံမြေကွန်ဗေးရှင်း(FIABCI - Thai )သို့ နိုင်ငံပေါင်း(၂၆)နိုင်ငံမှ အဖွဲ့ဝင်(၆၀၀)ဦးတက် ရောက်ခဲ့ပြီး မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှု အသင်းမှအဖွဲ့ဝင် (၁၀၈)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
‘’ FIABCI ဆိုတာမြန်မာလိုတိုတိုပြောရရင်တော့ကမ္ဘာ့အိမ်ခြံမြေအဖွဲ့အချုပ်ပေါ့လေ၊သူကပြင်သစ်ဘာသာစကားလည်းဖြစ်တယ်။ အင်္ဂလိပ်လိုဆိုရင်တော့ International Real Estate Federation လို့ခေါ်တာပေါ့၊ဒီကမ္ဘာ့အိမ်ခြံမြေအဖွဲ့အစည်းကတော့လွန်ခဲ့တဲ့နှစ်ပေါင်း၄၀၊၅၀လောက်တည်းက ပြင်သစ်နိုင်ငံမှာစပြီးတော့ဖွဲ့စည်းတဲ့အသင်းတခုလည်းဖြစ်ပါတယ်။အခုကျင်းပတဲ့ပွဲမှာဆိုရင်နိုင်ငံပေါင်း၂၆နိုင်ငံလောက်ကတက်ရောက်ခဲ့ကြပါတယ်။ကျွန်တော်တို့မြန်မာအဖွဲ့ကတော့ ၁၀၈ယောက်နဲ့အများဆုံးတက်ရောက်ခဲ့ပါတယ်။ ဒီပွဲမှာဆိုရင်လည်း Developer၊ဗိသုကာ၊Investerများ၊Real Estate Managerများ၊Lawyerများ၊Constructerများအစရှိတဲ့ ကမ္ဘာ့ Real Estate Industry ထဲကသူတွေလာတက်ကြပါတယ်’’ဟုလည်း မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းအထွေထွေအတွင်းရေးမှူး ဦးမျိုးမြင့်အောင်ကပြောပါတယ်။
FIABCI ဟုအတိုကောက်ခေါ်သည့် The International Real Estate Federation(ကမ္ဘာ့အိမ်ခြံမြေအဖွဲ့ချုပ်) ကို ၁၉၅၁ ခုနှစ်တွင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာတည်ထောင်ခဲ့တာလည်းဖြစ်ပါတယ်။