Home  / News  / News Details

News Details

ရန်ကုန်မြို့သစ်မြေကွက်များ အရောင်းအဝယ်ပြန်ဖြစ်နေ

Jun 8, 2023  /

ရန်ကုန်မြို့သစ်မြေကွက်များ အရောင်းအဝယ်ပြန်ဖြစ်နေ

ဇွန်လ (၈)ရက်။

Myanmar Property Dealer

ရန်ကုန်မြို့သစ်စီမံကိန်းအတွင်းမှာရှိတဲ့ မြေကွက်များအရောင်းအဝယ်ပြန်ဖြစ်နေတယ်လို့ လက်ရှိရန်ကုန် မြို့သစ်မြေကွက် များကို အရောင်းအဝယ်လုပ်ကိုင်နေကြတဲ့ အကျိုးဆောင်များက Myanmar Property Dealerကို ပြောပါတယ်။

မြို့သစ်စီမံကိန်းမြေကွက်များ အရောင်းအဝယ်ပြန်ဖြစ်လာရတာနဲ့ ပါတ်သက်ပြီး “အရောင်းအဝယ် ဘာကြောင့်လိုက်လဲဆိုတော့ ဒလမြို့က အခု ဈေးတွေမတရားထိုးတက်နေတာ ရန်ကုန်မြို့သစ်စီမံကိန်းက မြေကွက်တွေက ဈေးသက်သာနေသလို ဖြစ်နေတော့ ရန်ကုန်မြို့သစ်ကို သူတို့က ပြန်ပြီး ရင်းနှီးမှု လုပ်ကြတာပေါ့နော်။ဒလမြို့ထဲက  အိမ်ခြံမြေဈေးနဲ့ ရန်ကုန်မြို့သစ်က မြေဈေး အဆမတန် ကွာနေတာ’’ လို့ ဒလမြို့မှာ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်နေတဲ့ ကိုထွန်းလင်းကျော်က ပြောပါတယ်။

ဒါ့အပြင်ဒလမြို့ရဲ့ အိမ်ခြံမြေဈေး အဆမတန်ထိုးတက်ရခြင်းမှာရန်ကုန်-ဒလမြစ်ကူးတံတားတည်ဆောက်နေမှုနဲ့ သက်ဆိုင်နေပြီး အခုအချိန်မှာ ဒလတံတားတည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း နေ့၊ည အရှိန်အဟုန်နဲ့ တည်ဆောက်လုပ်နေတာကြောင့် ရန်ကုန်မြို့အတွင်းမှ လုပ်ငန်းရှင်များအနေနဲ့ ဒလမြို့က မြေကွက်များကို စိတ်ဝင်စား ဝယ်ယူလာကြတယ်လို့လည်း သိရှိရပါတယ်။

ရန်ကုန်မြို့သစ် စီမံကိန်းကို ၂၀၁၄ ခုနှစ် ကတည်းက စတင် အကောင်အထည်ဖော်ရန် ဆောင်ရွက်ခဲ့ သော်လည်း ၂၀၁၈ ခုနှစ်မှ စတင်နိုင်ခဲ့တဲ့ စီမံကိန်းတစ်ခုဘဲ ဖြစ်ပါတယ်။

အဆိုပါ စီမံကိန်းမှာ အရောင်းအဝယ်ပြုလုပ်ကြတဲ့ မြေကွက် အမျိုးအစား (၅)မျိုးထိရှိနေပြီး ယခင် စီမံကိန်းအကောင်အထည်ဖော် စက မြေကွက်ဝယ်ယူမှုများ ရှိနေပေမယ့် နိုင်ငံရေးအပြောင်းအလဲများကြောင့်  စီမံကိန်းမြေကွက်များ အရောင်းအဝယ် ငြိမ်သက်သွားရာမှ ယခုအခါ ပြန်လည်လှုပ်ခတ်လာတာဘဲ  ဖြစ်ပါတယ်။