ချောင်းသာနှင့် ငွေဆောင်ကမ်းခြေတို့တွင် ဟိုတယ်နှင့် တည်းခိုခန်း ဘွတ်ကင်ယူသူ များပြားနေ
Myanmar Property Dealer
ဒီဇင်ဘာ (၂၈)ရက်။
နှစ်သစ်ကူးကာလရုံးပိတ်ရက်ရှည်အတွက် ချောင်းသာနှင့် ငွေဆောင်ကမ်းခြေတို့တွင် ဟိုတယ်နှင့် တည်းခိုခန်း ဘွတ်ကင်ယူသူ များပြားနေပြီးဟိုတယ်တော်တော်များများ
အခန်းများ ပြည့်နေပြီဖြစ်တယ်လို့လည်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရပါတယ်။
ပုသိမ်မြို့နယ်ရှိ ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေတွင် ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်၊ ခရစ္စမတ်ရက်၊ New Year ရက်တို့အတွက် ဒီဇင်ဘာ ဒုတိယအပတ်မှစတင်ပြီး ဟိုတယ်နှင့် တည်းခိုခန်းများ ၉၅ ရာခိုင်နှုန်းအထိ ကြိုတင်မှာယူထားပြီးဖြစ်တယ်လို့လည်းသိရပါတယ်။
ချောင်းသာကမ်းခြေတွင် ဟိုတယ် ၃၉ လုံးနှင့် တည်ခိုခန်း ၅၉ လုံးရှိကာ ငွေဆောင်ကမ်းခြတွင် ဟိုတယ် ၃၃ လုံးနှင့် တည်ခိုခန်း ၄၆ လုံးအထိ ရှိကြောင်း လည်းသိရပါတယ်။
ဒါ့အပြင် ကမ်းခြေ ခရီးစဉ်များနှင့် ဆက်စပ်ပြီး ခရီးသွားဧည့်သည်များ လည်ပတ်နိုင်ရန်အတွက် သက်ဆိုင်ရာ သစ်တောဦးစီးဌာနက ဆင်စခန်းနှင့် ပေါင်းစပ်ပြီး မြွေကျွန်း၊ သမီးလှကျွန်း၊ လိပ်ကျွန်း အစရှိတဲ့ စိတ်ဝင်စားစရာ နေရာများကိုလည်း စီစဉ်ပေးထားကြောင်း သိရပါတယ်။