Home  / News  / News Details

News Details

ကျပ်နှစ်သောင်းတန်ငွေစက္ကူ ထွက်ရှိမည်ဆိုသည့် သတင်းများကြောင့် အိမ်ခြံမြေဈေးကွက်အတွင်း ဂယက်ရိုက်ခတ်လာ

Feb 28, 2024  /

ကျပ်နှစ်သောင်းတန်ငွေစက္ကူ ထွက်ရှိမည်ဆိုသည့် သတင်းများကြောင့် အိမ်ခြံမြေဈေးကွက်အတွင်း ဂယက်ရိုက်ခတ်လာ

 Myanmar Property  Dealer

ဖေဖော်ဝါရီ (၂၈) ရက်။

မတ်လအတွင်း ကျပ်နှစ်သောင်းတန်ငွေစက္ကူ ထွက်ရှိမည်ဆိုသည့် သတင်းများကြောင့် အိမ်ခြံမြေဈေးကွက်အတွင်း ဂယက်ရိုက်ခတ်လာမှုများရှိတယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ကိုင်သူတွေထံက သိရပါတယ်။

လူမှုကွန်ရက် စာမျက်နှာတွေနဲ့ Website တွေမှာ လာမယ့်မတ်လအတွင်း ၂၀,၀၀၀ ကျပ်တန်တွေ ထွက်ရှိမယ် ဆိုပြီး ဖြစ်ပေါ်နေတဲ့သတင်းတွေဟာ ကောလဟာလသတင်းတွေသာဖြစ်တယ်လို့ ဗဟိုဘဏ်က ဖေဖော်ဝါရီ ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

" နှစ်သောင်းတန်ငွေစက္ကူကြောင့် ငြိမ်နေတဲ့ အိမ်ခြံမြေဈေးကွက်က လှုပ်လာတယ်။ အဝယ်နည်းနည်းလိုက်လာတယ်လို့ ပြောလို့ရတယ်။ လက်ထဲငွေမကိုင်ထားတော့ပဲ မြေကွက်တွေကို စုံစမ်းတယ်။ တချို့ကကျတော့ ဝယ်ပြီးအောင်းထားတဲ့သဘော"ဟုအိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။

အဲဒီသတင်းတု၊ သတင်းမှားတွေကြောင့် မော်တော်ကားတွေ၊အိမ်ခြံမြေတွေ၊ ဒေါ်လာတွေ ဝယ်ယူစုဆောင်းနေကြပြီး မော်တော် ကားဈေးတွေ၊အိမ်ခြံမြေဈေးတွေ ဒေါ်လာဈေးတွေ မြင့်တက်နေကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေတယ်လို့ ဆိုပါတယ်။ 

နှစ်သောင်းကျပ်တန် ငွေစက္ကူတွေကို ဗဟိုဘဏ်က ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်ကစပြီး အထိမ်းအမှတ်အနေနဲ့သာ ရည်ရွယ်ပြီး ထုတ်ဝေခဲ့သလို အခုအချိန်ထိ အများပြည်သူကို ဟောင်းနွမ်းငွေစက္ကူတွေနဲ့ အကန့်အသတ်နဲ့ပဲ လဲလှယ်ပေးနေတာလည်းဖြစ်ပါတယ်။