Home  / News  / News Details

News Details

တောင်ကြီး တန်ဆောင်တိုင်အတွင်း ဟိုတယ်နှင့် တည်းခိုခန်း ဘိုကင်ပြည့်နေ

Oct 2, 2026  /

 

တောင်ကြီး တန်ဆောင်တိုင်အတွင်း ဟိုတယ်နှင့် တည်းခိုခန်း ဘိုကင်ပြည့်နေ

အောင်တိုဘာ  (၂)ရက်

Myanmar Property Dealer

 

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင်ကျင်းပမဲ့  တန်ဆောင်တိုင်ပွဲတော်အတွင်း ဟိုတယ်နဲ့တည်းခိုခန်း ဘိုကင် များပြည့်နေ့ပြီဖြစ်တယ်လို့  စုံစမ်းသိရှိရပါတယ်။

 တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို လာမဲ့ နိုဝင်ဘာလ ၁၈ ရက်မှ ၂၄ ရက်အတွင်း ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ရပ်ကွက်အလိုက် မီးပုံးပျံ ပညာရှင်များလည်း အတူပူးပေါင်းပါဝင်သွားမှာဖြစ်တယ်လို့ ဒေသခံများပြောပြချက်အရသိရပါတယ်။

 တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း ဟိုတယ်အခန်းများ လူပြည့်နေတဲ့အပြင် အခန်းခများလည်း ဈေးမြင့်တက် နေတယ်လို့လည်း တောင်ကြီးမြို့တွင်း ဟိုတယ်ဝန်ထမ်း တစ်ဦးကဆိုပါတယ်။

 “အကုန်ပြည့်နေပြီး တစ်ခန်းမှ မကျန်တော့ဘူး။ လုံးဝ မရတော့ဘူး။ တခြားဟိုတယ်တွေမှာလည်း စုံစမ်းရသလောက်ကတော့ ဟိုတယ်အကုန်ပြည့်နေပြီ။” ဟု၎င်းက ဆိုပါတယ်။

 ၂၀၂၆ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပြိုင်ပွဲတွင် မီးပုံးပျံ စုစုပေါင်း (၅၄၁) လုံး ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားတယ်လို့လည်းသိရပါတယ်။