Home  / News  / News Details

News Details

ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သွားခဲ့တဲ့ ကမ္ဘောဒီယားမှလူသတ်ကွင်းပြင်များ

Jul 20, 2025  /

ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သွားခဲ့တဲ့ ကမ္ဘောဒီယားမှလူသတ်ကွင်းပြင်များ

 

ဇူလိုင်လ ၁၂ရက်နေ့၊ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ကျင်းပခဲ့တဲ့ ယူနက်စကိုရဲ့ ၄၇ကြိမ်မြောက် ကမ္ဘာအမွေအနှစ်ညီလာခံမှာ လူသန်းပေါင်းများစွာသတ်ဖြတ်ခံခဲ့ရတဲ့ ခမာနီတွေရဲ့လူသတ်ကွင်းသုံးခုကို ကမ္ဘာ့အမွေအနှစ်အဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။

 ကမ္ဘောဒီးယားနိုင်ငံရဲ့အမှောင်ခတ်ဖြစ်ခဲ့တဲ့ 1975 ကနေ 1979 အထိလေးနှစ်တာကာလမှာ ခမာနီတို့ရဲ့ရက်စက်မှုဖြင့် ကမ္ဘောဒီးယားနိုင်ငံ​ရဲ့ လူဦးရေ 1.7 သန်းအထိသတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။ ဒီလိုသတ်ဖြတ်တဲ့နေရာမှာနာမည်ဆိုးနဲ့ကျော်ကြားခဲတဲ့နေရာသုံးခုကတော့ အကျဥ်းထောင်အဖြစ်အသုံးပြုပြီး လူပေါင်း 15000 ကိုရက်စက်စွာနှိပ်စက်ခဲ့တဲ့ မြို့တော်ဖနွန်ပင်မှ (Toul Sleng) သိုးဆလိန်းလူမျိုးတုံးသတ်ဖြတ်မှုပြတိုက်၊ ကမ္ဘောဒီးယားနိုင်ငံအလည်ပိုင်း (Rural Kampong) ယူရယ် ကမ်ပေါင်မှာရှိတဲ့ M-13 အကျဥ်းထောင်နဲ့ 1984 ခုနှစ်ထွက်ရုပ်ရှင် Killing Field ဇာတ်ကားမှာပါဝင်ခဲ့တဲ့ (Choeung Ek) ချွန်းအက်ကွင်းပြင်တို့ဘဲဖြစ်ပါတယ်။ ခမာနီတို့ဟာ 1975 ခုနှစ်မှာမြို့တော်ဖနွန်ပင်ကိုသိမ်းပိုက်ခဲ့တာဖြစ်ပြီး တစ်နိုင်ငံလုံးကွန်မြူနစ်လက်အောက်ကျရောက်ခဲ့ရာ မြို့တော်များမှအစကျေးရွာအဆုံးသုခေတ်စီမံကိန်းဖြင့်လူမျိုးတုန်းသတ်ဖြတ်ခြင်းကို လေးနှစ်တိတိခံစားခဲ့ရတာဘဲဖြစ်ပါတယ်။  ကမ္ဘာ့အမွေအနှစ်ကော်မတီအနေနဲ့အခုလိုခမာနီတို့ရဲ့လူသတ်ကွင်းပြင်များကို အမွှေအနှစ်အဖြစ်သတ်မှတ်ပေးခြင်းက လူ့သမိုင်းကြောင်းရဲ့အမှောင်မိုက်ဆုံးအခိုက်အတန့်တွေကိုမှတ်တမ်းတင်ထိန်းသိမ်းပြီး နောင်လာနောင်သားများသင်ခန်းစာယူနိုင်ရန်ရည်ရွယ်တယ်လို့လဲပြောခဲ့ပါတယ်။